ရှင်ယောဟန် 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။ Ver CapítuloCommon Language Bible10 နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။- Ver CapítuloGarrad Bible10 ဤလောက၌ ရှိနေတော်မူလျက်ပင်၊ ကိုယ်တော်အားဖြင့်ပေါ်လာသောဤလောကသည် ကိုယ်တော်ကိုမသိ။ Ver CapítuloJudson Bible10 ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။ Ver Capítuloမြန်မာ10 ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- Ver Capítulo |
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။