ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
၄ ရာ 8:5 - မြန်မာ့စံမီသမ္မာကျမ်း သေသွားသောသူကို ဧလိရှဲအသက်ပြန်ရှင်စေခဲ့သည့်အကြောင်း ဂေဟာဇိက ရှင်ဘုရင်အား ပြောပြနေစဉ်ပင် အသက်ပြန်ရှင်လာသောသူငယ်၏မိခင်သည် မိမိအိမ်နှင့်မြေကို ပြန်ရရန်အတွက် ရှင်ဘုရင်ထံလာရောက်အသနားခံလေ၏။ ထို့ကြောင့် ဂေဟာဇိက ချက်ချင်းပင် “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ ဤသူတို့သည် ဧလိရှဲအသက်ပြန်ရှင်စေခဲ့သောသူငယ်နှင့် သူ၏မိခင်ဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။ Common Language Bible သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။- Garrad Bible သေ သူ့ ကို ရှင် ပြန် စေ ကြောင်း ပြန် ကြား ခိုက် ရှင် ပြန် စေ ဘူး သော သူ ငယ့် မိ ခင် သည် ကိုယ့် အိမ် မြေ ကို ရ လို ကြောင်း နှင့် ဘု ရင် မင်း ထံ အ သ နား ခံ ရာ ဂေ ဟာ ဇိ က၊ အို အ ရှင် မင်း မြတ်၊ ဧ လိ ရှဲ ရှင် ပြန် စေ သော သူ ငယ် နှင့် မိ ခင် ကား ထို သူ တို့ ပင် တည်း ဟု တင် လျှောက် သော်၊ Judson Bible ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသော သူငယ်၏အမိသည် ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟု လျှောက်လျှင်၊ |
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
ထို့နောက် မိမိငယ်သားဂေဟာဇိအား “ထိုရှုနင်မြို့သူကို ခေါ်လိုက်ပါ”ဟုဆို၏။ ဂေဟာဇိခေါ်လိုက်သဖြင့် ထိုအမျိုးသမီးသည် ဧလိရှဲရှေ့၌ ရပ်နေ၏။
ထို့နောက် ဧလိရှဲသည် ထ၍အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။ တစ်ဖန် သူငယ်ပေါ် ပြန်၍မှောက်နေသောအခါ သူငယ်သည် ခုနစ်ကြိမ်နှာချေပြီး မျက်လုံးပွင့်လာ၏။
ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
အစ္စရေးဘုရင်သည် မြို့ရိုးပေါ်တွင်ဖြတ်လျှောက်စဉ် အမျိုးသမီးတစ်ဦးက သူ့အား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်ကို ကယ်တော်မူပါ”ဟု အော်ဟစ်၏။
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား မေးမြန်းလျှင် ထိုအမျိုးသမီးသည်လည်း အကြောင်းစုံကိုလျှောက်တင်၏။ ထို့ကြောင့် ရှင်ဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဤအမျိုးသမီးပိုင်ဆိုင်သမျှနှင့် သူထွက်သွားစဉ်ကစပြီး ယခုတိုင် သူ့မြေမှထွက်သမျှတို့ကို သူ့အားပြန်ပေးပါ”ဟု မိန့်ဆို၏။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ရုသလည်း လယ်ထဲသို့ ထွက်သွား၍ ကောက်ရိတ်သမားတို့နောက်မှလိုက်ပြီး ကောက်သင်းကောက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုလယ်ကွက်သည် ဧလိမလက်မျိုးနွယ်စုဝင် ဗောဇပိုင်သောလယ်ကွက်ဖြစ်နေ၏။
ရှောလုမင်းကြီးသည် ဒါဝိဒ်၏အသံကို မှတ်မိသဖြင့် “ဤအသံသည် ငါ့သား ဒါဝိဒ်၏အသံ မဟုတ်လော”ဟု အော်မေးရာ ဒါဝိဒ်က “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်အသံ ဟုတ်ပါ၏။