၄ ရာ 4:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထို့နောက် ဧလိရှဲသည် ထ၍အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။ တစ်ဖန် သူငယ်ပေါ် ပြန်၍မှောက်နေသောအခါ သူငယ်သည် ခုနစ်ကြိမ်နှာချေပြီး မျက်လုံးပွင့်လာ၏။ Ver CapítuloCommon Language Bible35 ဧလိရှဲသည်ထ၍အခန်းထဲတွင်စင်္ကြံလျှောက် ပြီးနောက် သူငယ်၏အပေါ်တွင်တစ်ဖန်မှောက်၍ နေပြန်၏။ သူငယ်သည်ခုနစ်ကြိမ်ချေဆတ်ပြီး နောက်မျက်စိဖွင့်၏။- Ver CapítuloGarrad Bible35 အ ဆောင် တွင်း မှာ စ င်္ကြံ တစ် ခေါက် ဆင်း လျှောက် ပြီး မှ တက် ပြန်၍ သူ ငယ့် အ ပေါ် တွင် တုပ် ဝပ် သော်၊ သူ ငယ် သည် ခု နစ် ကြိမ် ချေ ဆတ် လျက် မျက် စိ ဖွင့် လေ ၏။ Ver CapítuloJudson Bible35 တစ်ဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့်၊ သူငယ်သည် ခုနစ်ကြိမ်ချေဆတ်၍ မျက်စိကိုဖွင့်၏။ Ver Capítulo |
သေသွားသောသူကို ဧလိရှဲအသက်ပြန်ရှင်စေခဲ့သည့်အကြောင်း ဂေဟာဇိက ရှင်ဘုရင်အား ပြောပြနေစဉ်ပင် အသက်ပြန်ရှင်လာသောသူငယ်၏မိခင်သည် မိမိအိမ်နှင့်မြေကို ပြန်ရရန်အတွက် ရှင်ဘုရင်ထံလာရောက်အသနားခံလေ၏။ ထို့ကြောင့် ဂေဟာဇိက ချက်ချင်းပင် “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ ဤသူတို့သည် ဧလိရှဲအသက်ပြန်ရှင်စေခဲ့သောသူငယ်နှင့် သူ၏မိခင်ဖြစ်ပါ၏”ဟု လျှောက်တင်လေ၏။