၄ ရာ 19:37 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော်အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့်ကွပ်မျက်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။ Common Language Bible တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ Garrad Bible နိ သ ရုတ် ခေါ် ကိုယ့် ဘု ရား၏ ကျောင်း တွင် ရှိ ခိုး လျက် နေ ရာ သား တော် အာ ဒြ မ္မေ လက် နှင့် ရှ ရေ ဇာ တို့ သည် ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ အာ ရ ရတ် ပြည် သို့ ပြေး ဝင် ကြ၏။ သား တော် ဧ သ ရ ဟ ဒ္ဒုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ၏။ Judson Bible နောက်တစ်ဖန် သူသည် မိမိဘုရားနိသရုတ်၏ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော်ဧသရဟဒ္ဒုန်သည်လည်း ခမည်းတော်အရာ၌ နန်းထိုင်၏။ |
အာဝမြို့သားတို့က နိဗဟာဇဘုရားနှင့် တာတက်ဘုရား စသည်တို့ကို ပြုလုပ်ကြ၏။ သေဖရဝိမ်မြို့သားတို့က မိမိတို့၏သားသမီးတို့ကို သေဖရဝိမ်ဘုရားများဖြစ်သည့် အာဒြမ္မေလက်နှင့် အာနမ္မေလက်ဘုရားတို့အား မီးရှို့ပူဇော်ကြ၏။
ထာဝရဘုရားသည် ငါတို့ကို အမှန်ပင်ကယ်နုတ်တော်မူမည်။ ဤမြို့သည် အဆီးရီးယားဘုရင်လက်သို့မရောက်ရဟု ဆိုလျက် ထာဝရဘုရားကို ကိုးစားလာအောင် ဟေဇကိလှည့်စားသည်ကို သင်တို့မခံကြနှင့်’ဟု မိန့်ဆို၏။
သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကိုးစား၏။ ယုဒဘုရင်အပေါင်းတို့တွင် သူ့အလျင်ရှိခဲ့သောဘုရင်များနှင့် သူ့နောက်မှဘုရင်များပါ သူနှင့်တူသောဘုရင် တစ်ပါးမျှမရှိ။
“သင်တို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးအား ‘သင်ယုံကြည်ကိုးစားသောသင်၏ဘုရားသခင်က ဂျေရုဆလင်မြို့သည် အဆီးရီးယားဘုရင်၏လက်သို့ ရောက်မည်မဟုတ်’ဟု သင့်အား လှည့်စားမိန့်ဆိုသည်ကို သင်မခံနှင့်။
အို ထာဝရဘုရား၊ အကယ်စင်စစ် အဆီးရီးယားဘုရင်တို့သည် လူမျိုးအပေါင်းတို့နှင့် သူတို့၏ပြည်တို့ကို ဖျက်ဆီးပါပြီ။
ကြွင်းကျန်သောသူတို့သည် ဂျေရုဆလင်မြို့မှလည်းကောင်း၊ လွတ်မြောက်သောသူတို့သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ထွက်ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကိုပြုတော်မူမည်’ဟု မိန့်ဆိုပြီ။
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
ငါ့ဘိုးဘေးတို့ အကုန်အစင်ဖျက်ဆီးပစ်ခဲ့သောဤလူမျိုးတို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိလူမျိုးကို ငါ့လက်မှ ကယ်နုတ်နိုင်သနည်း။ သင်တို့၏ဘုရားသခင်သည်လည်း သင်တို့ကို ငါ့လက်မှ မည်သို့ကယ်နုတ်နိုင်မည်နည်း။
သူတို့သည် ဂျေရုဆလင်မြို့၏ဘုရားသခင်ကို လူ့လက်ဖြင့်လုပ်သောအရာများဖြစ်သည့် မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများနှင့်တူသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
ဇေရုဗဗေလနှင့် အိမ်ထောင်စုအကြီးအမှူးတို့ထံလာ၍ “ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သင်တို့ဘုရားကို ကိုးကွယ်သည်ဖြစ်၍ သင်တို့နှင့်အတူ တည်ဆောက်ပါရစေ။ ငါတို့ကို ဤနေရာသို့ပို့ဆောင်လာသော အဆီးရီးယားဘုရင် ဧသရဟဒ္ဒုန်မင်းကြီးလက်ထက်ကစ၍ ငါတို့သည် ထိုဘုရားကို ယဇ်ပူဇော်ကြပါ၏”ဟု ဆိုကြ၏။
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
ငါတို့၏ကျောက်ဆောင်သည် သူတို့၏ကျောက်ဆောင်နှင့်မတူကြောင်းကို ငါတို့၏ရန်သူတို့ပင် အသိအမှတ်ပြုကြ၏။