၄ ရာ 18:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကိုးစား၏။ ယုဒဘုရင်အပေါင်းတို့တွင် သူ့အလျင်ရှိခဲ့သောဘုရင်များနှင့် သူ့နောက်မှဘုရင်များပါ သူနှင့်တူသောဘုရင် တစ်ပါးမျှမရှိ။ Ver CapítuloCommon Language Bible5 ဟေဇကိသည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားကိုကိုးစား သူဖြစ်၏။ ရှေးကာလမှစ၍နောင်ကာလ တိုင်အောင် ယုဒပြည်တွင်သူကဲ့သို့သော ဘုရင်တစ်ပါးမျှမပေါ်ပေါက်ချေ။- Ver CapítuloGarrad Bible5 ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ ထို မင်း နှင့် တူ ညီ သော ယု ဒ ဘု ရင် တစ် ပါး မှ ရှေး ကာ လ မှ စ၍ နောင် ကာ လ တိုင် အောင် မ ပေါ် ချေ။ Ver CapítuloJudson Bible5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တစ်ယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။ Ver Capítulo |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆိုပြီ။