ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
၄ ရာ 19:2 - မြန်မာ့စံမီသမ္မာကျမ်း မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သားပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။ Common Language Bible မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။- Garrad Bible လျှော် တေ ခြုံ သူ လက် သုံး တော် ချုပ် ဧ လျာ ကိမ်၊ သံ တော် ဆင့် ရှေဗ န နှင့် ပ ရော ဟိတ် အ ကြီး အ ကဲ တို့ ကို၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ထံ ကြား လျှောက် စေ သည် မှာ Judson Bible လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။ |
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
ထိုသေတ္တာထဲတွင် ငွေအမြောက်အမြားရှိလာသည်ကို မြင်လျှင် ဘုရင့်စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းတို့သည် လာ၍ ထာဝရဘုရား၏အိမ်တော်၌ရှိသောငွေများကို အိတ်ထဲထည့်ပြီး ရေတွက်လေ၏။
ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ကျန်ရှိနေသောဩဇိမင်းကြီးလက်ထက်အဖြစ်အပျက်အစအဆုံးကို အာမုတ်၏သား ပရောဖက်ဟေရှာယက မှတ်တမ်းတင်ထား၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ထာဝရဘုရားက “အိုးထိန်းသည်ထံသွား၍ မြေအိုးကိုဝယ်ယူပြီးလျှင် သက်ကြီးဝါကြီးလူအချို့၊ သက်ကြီးဝါကြီးယဇ်ပုရောဟိတ်အချို့တို့နှင့်အတူ
ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ဤသည်ကား “တောကန္တာရ၌ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့။