ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
ယောရှ၏သားတော်ယုဒဘုရင်အာမဇိ၏ နန်းစံတစ်ဆယ့်ငါးနှစ်မြောက်၌ ယဟောရှ၏ သားတော်ဒုတိယမြောက်ယေရောဗောင်သည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌လေးဆယ့်တစ်နှစ်တိုင်တိုင်နန်း စံလေသည်။-
ယော ရှ မင်း သား တော် ယု ဒ ဘု ရင် အာ မ ဇိ မင်း နန်း စံ ဆယ့် ငါး နှစ် တွင် ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း သား တော့် ယေ ရော ဗောင် မင်း နန်း တက် ၍ ရှ မာ ရိ မြို့၌၊ လေး ဆယ့် တစ် နှစ် စိုး စံ ရာ
ယုဒရှင်ဘုရင်ယောရှသား အာမဇိ နန်းစံဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌မင်းပြု၍ လေးဆယ်တစ်နှစ်စိုးစံ၏။
ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ယေရောဗောင်သည် သူ၏ရာဇပလ္လင်တွင် စံမြန်းလေ၏။
ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။
ကျန်ရှိနေသော ယဟောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယဟောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယေရောဗောင်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးကိုလမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီး ပြုခဲ့သည့်အပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ထာဝရဘုရားသည် အစ္စရေးလူမျိုး၏အမည်ကို ကောင်းကင်အောက်တွင် ပယ်ဖျက်ပစ်မည်ဟု မိန့်တော်မူခြင်းမရှိသောကြောင့် ယောရှမင်းကြီး၏သားတော် ယေရောဗောင်လက်ဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။