သူ့အလောင်းကို မြင်းဖြင့် ဂျေရုဆလင်မြို့သို့ပြန်သယ်လာပြီး ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်၏မြို့တွင်သင်္ဂြိုဟ်ကြ၏။
၄ ရာ 14:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။ Common Language Bible ထိုနောက်ယုဒပြည်သူတို့သည် အသက်တစ် ဆယ့်ခြောက်နှစ်ရှိသားတော်သြဇိကိုမင်း မြှောက်ကြ၏။- Garrad Bible ယု ဒ နိုင် ငံ သား တို့ သည် အိမ် နိမ့် ဆယ့် ခြောက် နှစ် ရှိ သော သြ ဇိ ကို ခ မည်း တော် အာ မ ဇိ မင်း အ ရိုက် အ ရာ၌ မင်း မြှောက် ကြ လေ ၏။ Judson Bible ယုဒပြည်သူပြည်သား အပေါင်းတို့သည် အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော်အာမဇိအရာ၌ နန်းတင်ကြ၏။ |
သူ့အလောင်းကို မြင်းဖြင့် ဂျေရုဆလင်မြို့သို့ပြန်သယ်လာပြီး ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်၏မြို့တွင်သင်္ဂြိုဟ်ကြ၏။
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် အာဇရိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
ယုဒဘုရင်ဩဇိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ယာဗက်၏သားရှလ္လုံ နန်းတက်ပြီး ရှမာရိမြို့တွင် တစ်လစိုးစံ၏။
ထိုအခါ ပြည်သူပြည်သားတို့သည်အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော ဩဇိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။