Biblia Todo Logo
La Biblia Online
- Anuncios -




၄ ရာ 14:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သူ့​အလောင်း​ကို မြင်း​ဖြင့် ဂျေရုဆလင်​မြို့​သို့​ပြန်​သယ်လာ​ပြီး ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​၏​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

20 သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-

Ver Capítulo Copiar

Garrad Bible

20 ယေ ရု ရှ လင် မြို့ သို့ မြင်း နှင့် တင် ဆောင် လျက် ဒါ ဝိဒ် မြို့ တော် ရှိ ဘေး တော် ဘိုး တော် တို့ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ ပြီး လျှင်၊

Ver Capítulo Copiar

Judson Bible

20 မြင်း​ပေါ်၌​တင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။

Ver Capítulo Copiar




၄ ရာ 14:20
10 Referencias Cruzadas  

ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လေ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။


ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။


သူ​၏​အမှုထမ်း​များ​ဖြစ်​သော ရှိမတ်​၏​သား​ယောဇကာ​နှင့် ရှောမာ​၏​သား​ယဟောဇဗဒ်​တို့​က​ပင် သူ့​ကို​လုပ်ကြံ​လိုက်​ခြင်း​ဖြစ်​၏​။ သူ​သည် အနိစ္စရောက်​၍ ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဂျေရုဆလင်​မြို့​တွင် အာမဇိ​မင်းကြီး​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ​လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို​ကွပ်မျက်​ကြ​၏​။


ထို့နောက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ​ရှိ​သေး​သော အာဇရိ​ကို မင်းမြှောက်​၍ ခမည်းတော်​အာမဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။


ယောရံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို ဂျေရုဆလင်​မြို့​သို့ ရထား​ဖြင့်​သယ်ဆောင်​သွား​ပြီး ဒါဝိဒ်​မြို့​ရှိ​သူ့​သင်္ချိုင်း​တွင် ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


ဩဇိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​သွား​သောအခါ “သူ​သည် အနာကြီးရောဂါစွဲ​သော​သူ​ဖြစ်​၏”​ဟု ဆို​လျက် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ရှင်ဘုရင်​တို့​၏​သင်္ချိုင်း​မြေ​တွင်​သာ သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောသံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို သူ့​နန်းတော်​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos