ဣဇက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားကြီးဧသောအား “ငါ့သား”ဟု ခေါ်လျှင် ဧသောက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
၃ ရာ 14:4 - မြန်မာ့စံမီသမ္မာကျမ်း ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ ရှိလောမြို့သို့သွားကာ အဟိယအိမ်သို့ရောက်လေ၏။ အဟိယသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ မျက်စိပင်မမြင်တော့ချေ။ Common Language Bible သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။- Garrad Bible မိ ဖု ရား သည် ရှိ လော မြို့ နေ အ ဟိ ယ အိမ် သို့ ထ သွား လေ ၏။ မ မြင် နိုင် အောင် မျက် ပျဉ်း ကျ လျက် အို မင်း သော အ ဟိ ယ အား Judson Bible ယေရောဗောင်မယားသည်ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။ |
ဣဇက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားကြီးဧသောအား “ငါ့သား”ဟု ခေါ်လျှင် ဧသောက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
အစ္စရေးသည် အသက်ကြီးသောကြောင့် မျက်စိမှုန်၍မမြင်နိုင်ပေ။ ထို့ကြောင့် ယောသပ်သည် သူ၏သားတို့ကို အစ္စရေးအနီးသို့ခေါ်လာ၏။ ထိုအခါ အစ္စရေးသည် ယောသပ်၏သားတို့ကိုနမ်းပြီး ပွေ့ဖက်လေ၏။
တစ်နေ့တွင် ယေရောဗောင်သည် ဂျေရုဆလင်မြို့ပြင်သို့ထွက်လာရာ လမ်းတွင် ဝတ်ရုံအသစ်ဝတ်ဆင်ထားသော ရှိလောမြို့သား၊ ပရောဖက်အဟိယနှင့်ဆုံ၏။ မြို့ပြင်တွင် သူတို့နှစ်ဦးသာရှိနေစဉ်
ယေရောဗောင်က သူ့မိဖုရားအား “သင့်ကို ယေရောဗောင်၏မိဖုရားမှန်း လူတို့မသိအောင် ရုပ်ဖျက်ပြီး ရှိလောမြို့ရှိပရောဖက် အဟိယထံသို့သွားလော့။ သူက ငါ့အား သင်သည် ဤလူမျိုးကို အုပ်ချုပ်ရမည်ဟု ပြောခဲ့သောသူဖြစ်၏။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ထိုနေ့ရက်၌ အိမ်ကိုစောင့်သောသူတို့သည် တုန်လှုပ်လျက်၊ ခွန်အားရှိသောသူတို့သည် ညွတ်ကိုင်းလျက်၊ ကြိတ်ဆုံကြိတ်သောသူတို့သည် နည်းပါးသဖြင့် ရပ်သွားလျက်၊ ပြတင်းပေါက်များမှကြည့်သောသူတို့သည် အမြင်မှုန်ဝါးလျက်ရှိကြလိမ့်မည်။
မောရှေသေဆုံးသောအခါ အသက်တစ်ရာ့နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်၊ သူ၏ခွန်အားလည်း မလျော့သေး။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
ဧလိသည်လည်း မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။ တစ်နေ့တွင် သူသည် အိပ်ခန်းထဲ၌အိပ်နေ၏။
ထိုအချိန်၌ ဧလိသည် အသက်ကိုးဆယ့်ရှစ်နှစ်အရွယ်ရှိပြီး မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။