၂ ရာချုပ် 35:18 - မြန်မာ့စံမီသမ္မာကျမ်း
ပရောဖက်ရှမွေလလက်ထက်မှစ၍ အစ္စရေးပြည်တွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပဖူးချေ။ ယောရှိမင်းကြီးနှင့်အတူ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် အစ္စရေးလူမျိုးအပါအဝင် ယုဒလူမျိုးအားလုံးမှစ၍ ဂျေရုဆလင်မြို့သားတို့ စုပေါင်း၍ပြုလုပ်သောပသခါပွဲမျိုး အစ္စရေးဘုရင်အပေါင်းတို့လက်ထက်တွင် တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
Ver Capítulo
ပရောဖက်ရှမွေလလက်ထက်မှအစပြု၍ အဘယ်အခါ၌မျှပသခါပွဲတော်ကို ဤကဲ့ သို့ကျင်းပခဲ့ဘူးသည်မရှိ။ ယောရှိမင်းနန်းစံ တစ်ဆယ့်ရှစ်နှစ်မြောက်၌ယောရှိမင်းနှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ယုဒပြည်သူများ၊ ဣသရေလပြည်သူများ နှင့်ယေရုရှလင်မြို့သူမြို့သားများ ကျင်းပ ကြသည့်ပသခါပွဲတော်မျိုးကိုအခြား အဘယ်ဘုရင်မျှမကျင်းပခဲ့ဘူးချေ။
Ver Capítulo
ယော ရှိ မင်း နန်း စံ ဆယ့် ရှစ် နှစ် တွင်၊ ယော ရှိ မင်း မှ စ သော၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား၊ ယု ဒ၊ ဣ သ ရေ လ ပ ရိ သတ် အ ပေါင်း တို့ ကျင်း ပ ကြ သော ထို ပ သ ခါ ပွဲ နည်း တူ၊ ပ ရော ဖက် ရှ မွေ လ လက် ထက် မှ စ၍၊ ဣ သ ရေ လ ဘု ရင် တစ် ပါး မျှ မကျင်း ပ ဘူး ချေ။
Ver Capítulo
ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလပြည်သား၊ ယေရုရှလင်မြို့သား အပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သောပွဲကို ပရောဖက်ရှမွေလလက်ထက်မှစ၍ ဣသရေလနိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တစ်ယောက်မျှမခံ။
Ver Capítulo