၂ ရာချုပ် 30:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။ Ver CapítuloCommon Language Bible5 ပညတ်တရားတော်နှင့်အညီပသခါပွဲ တော်ကို ယခင်အခါများထက်ပိုမိုစည် ကားစွာကျင်းပနိုင်ရန်မြောက်ဘက်ရှိဒန် မြို့မှ တောင်ဘက်ရှိဗေရရှေဗမြို့တိုင် အောင်ရှိသမျှသော ဣသရေလအမျိုး သားအပေါင်းတို့အားယေရုရှလင် မြို့သို့ဖိတ်ခေါ်၏။- Ver CapítuloGarrad Bible5 ဣ သ ရေ လ လူ အ မြောက် အ မြား တို့ သည်၊ ပ ညတ် တ ရား တော် အ တိုင်း၊ ပ သ ခါ ပွဲ ကို ကျင်း ပ လေ့ မ ရှိ သည့် အ တွက်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် ထာ ဝ ရ ဘု ရား ထံ၊ ယေ ရု ရှ လင် မြို့ သို့ လာ ရောက် ကျင်း ပ ကြ စေ ရန်၊ ဗေ ရ ရှေ ဘ မြို့ မှ စ၍ ဒန် မြို့ တိုင် အောင်၊ ပြည် လုံး နှံ့ ဖိတ် ကြား ကြေ ငြာ လိုက် ၏။ Ver CapítuloJudson Bible5 အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါပွဲကိုခံစေခြင်းငှာ၊ ဣသရေလပြည် တစ်လျှောက်လုံး၊ ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည်အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။ Ver Capítulo |
ပရောဖက်ရှမွေလလက်ထက်မှစ၍ အစ္စရေးပြည်တွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပဖူးချေ။ ယောရှိမင်းကြီးနှင့်အတူ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် အစ္စရေးလူမျိုးအပါအဝင် ယုဒလူမျိုးအားလုံးမှစ၍ ဂျေရုဆလင်မြို့သားတို့ စုပေါင်း၍ပြုလုပ်သောပသခါပွဲမျိုး အစ္စရေးဘုရင်အပေါင်းတို့လက်ထက်တွင် တစ်ခါမျှမကျင်းပခဲ့ဖူးချေ။