La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၂ ရာ​ချုပ် 34:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ပြင် စာရေးတော်ကြီး​ရှာဖန်​က ရှင်ဘုရင်​အား “​ယဇ်ပုရောဟိတ်​ဟိလခိ​က အကျွန်ုပ်​အား ဤ​ကျမ်းစာလိပ်​ကို ပေးအပ်​ပါ​ပြီ​”​ဟု လျှောက်တင်​ပြီး ရှာဖန်​သည် ဘုရင့်​ရှေ့မှောက်​တွင် ထို​ကျမ်းစာ​ကို ဖတ်ပြ​၏​။

Ver Capítulo

Common Language Bible

``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။

Ver Capítulo

Garrad Bible

ပ ရော ဟိတ် မင်း ဟိ လ ခိ လည်း၊ ကျမ်း တစ် စောင် ကို ကျွန် တော် မျိုး သို့ အပ် လိုက် ပါ သည် ဟု ပြန် ကြား တင် လျှောက် ပြီး လျှင်၊ ရှေ့ တော် တွင် ဖတ် ရွတ် လေ ၏။

Ver Capítulo

Judson Bible

ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် ကျွန်​တော်၌ စာ​စောင်​ကို အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း ကြား​လျှောက်​လျက်၊ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဖတ်​ရွတ်​လေ၏။

Ver Capítulo



၂ ရာ​ချုပ် 34:18
8 Referencias Cruzadas  

ရှင်ဘုရင်​ကို ဆင့်ခေါ်​ရာ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ​တို့​ထံသို့ လာ​ကြ​၏​။


ထာဝရဘုရား​၏​အိမ်​တော်​၌ တွေ့ရှိ​သော​ငွေ​တို့​ကို ထုတ်ယူ​ပြီး အလုပ်ကြီးကြပ်​သူ​၊ အလုပ်လုပ်​သော​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​၏​။


ရှင်ဘုရင်​သည် ထို​ပညတ်တရားကျမ်း​စကား​များ​ကို ကြား​ရ​သောအခါ မိမိ​အဝတ်​ကို ဆုတ်ဖြဲ​လေ​၏​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ရှင်ဘုရင်​များ​ရှေ့​တွင်​ပြောကြား​ပါ​မည်​။ အကျွန်ုပ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။


ဤ​တရား​စကား​၊ ဤ​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​၍ မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို သင်ယူ​နိုင်​ရန် ထို​ကျမ်းစာလိပ်​ကို မိမိ​နှင့်အတူ​ထား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဖတ်ရှု​ရ​မည်​။


ဤ​ပညတ်တရားကျမ်း​၌ ရေးထား​သမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​နိုင်​မည့်​အကြောင်း ထို​တရား​တို့​ကို သင့်​နှုတ်​မှ​မ​ကွာ​စေ​နှင့်​။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့​ရ​မည်​။ သို့ပြုလျှင် သင့်​ဘဝ​လမ်းခရီး​၌ အထမြောက်​အောင်မြင်​လိမ့်မည်​။