အဗရှလုံကလည်း အဟိသောဖေလအား “ငါတို့ မည်သို့ပြုသင့်သည်ကို သင်အကြံပေးကြည့်ပါ”ဟု ဆိုလျှင်
၂ ရာချုပ် 10:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ Common Language Bible ရောဗောင်မင်းသည်ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များ အား``ထိုသူတို့ကိုငါအဘယ်သို့ဖြေကြား ရပါမည်နည်း။ သင်တို့အဘယ်သို့အကြံ ပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။ Garrad Bible ထို အ ခါ ရော ဗောင် မင်း သည် ခ မည်း တော် ရှော လ မုန် မင်း လက် ထက် အ ပါး တော် မြဲ သူ၊ လူ ကြီး တို့ နှင့် တိုင် ပင် ရာ ဤ ပ ရိ သတ် အား ငါ ပြန် ပြော ရန် မည် သို့ အ ကြံ ပေး ကြ မည် နည်း ဟု မေး သော်၊ Judson Bible ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော်၊ |
အဗရှလုံကလည်း အဟိသောဖေလအား “ငါတို့ မည်သို့ပြုသင့်သည်ကို သင်အကြံပေးကြည့်ပါ”ဟု ဆိုလျှင်
ထိုအခါ ရောဗောင်မင်းကြီးက “သုံးရက်ကြာမှ ငါ့ထံသို့ပြန်လာကြလော့”ဟု မိန့်ဆိုသဖြင့် လူတို့လည်း ပြန်သွားကြ၏။
‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။
သင်၏မိတ်ဆွေနှင့် သင့်ဖခင်၏မိတ်ဆွေကို မစွန့်ပယ်နှင့်။ သင်ဘေးဒုက္ခရောက်ချိန်၌ သင်၏ညီအစ်ကိုအိမ်သို့မသွားနှင့်။ အနီး၌ရှိသောအိမ်နီးချင်းသည် အဝေး၌ရှိသောညီအစ်ကိုထက် ပို၍ကောင်း၏။
သင်တို့က ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို ပြောပြပါလော့။ အကျွန်ုပ်တို့ လိုက်နာပါမည်’ဟု ငါ့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်စေသည်မှာ လိမ်လည်ခြင်းသာဖြစ်၏။