ယွာဘနှင့် သူ့တပ်ဖွဲ့ ပြန်ရောက်လာသောအခါ “နေရ၏သား အာဗနာသည် ရှင်ဘုရင်ထံရောက်ခဲ့လေပြီ။ ရှင်ဘုရင်က သူ့ကိုပြန်သွားခွင့်ပြုသဖြင့် သူသည် အေးချမ်းစွာပြန်သွားပြီ”ဟု သူ့အား ကြားပြောကြ၏။
ယွာဘတို့လူစုရောက်ရှိလာကြသောအခါ ဒါဝိဒ်မင်းထံသို့အာဗနာလာကြောင်း၊ သူ့ အားဒါဝိဒ်သည်ဘေးမဲ့ပြန်လွှတ်လိုက်ကြောင်း သတင်းကိုယွာဘကြားသိရလေသည်။-
အ ပေါင်း ပါ တစ် တပ် လုံး ဆိုက် ရောက် ကြ ရာ ဘု ရင် မင်း ထံ နေ ရ သား အာ ဗ နာ ဝင် ရောက် ပြီ။ ခွင့် ပေး တော် မူ သ ဖြင့် ဘေး မဲ့ ထွက် သွား ရ လေ ပြီ ဟူ သော သ တင်း ကို ယွာ ဘ ကြား သော်၊
ယွာဘနှင့် သူ၌ပါသော စစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ၊ နေရ၏သား အာဗနာသည် ရှင်ဘုရင်ထံတော်သို့ လာပြီ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက်၍၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအားကြားပြောလျှင်၊
ထိုစဉ်တွင်ပင် ယွာဘနှင့်ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် စစ်တိုက်ရာမှ ပြန်ရောက်လာကြ၏။ တိုက်ရာပါပစ္စည်းလည်း အများအပြားယူလာကြ၏။ သို့သော် အာဗနာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ဟေဗြုန်မြို့တွင် မရှိတော့ချေ။ ဒါဝိဒ်မင်းကြီး ပြန်ခွင့်ပြုသောကြောင့် အေးချမ်းစွာထွက်သွားနှင့်ပြီ။
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသွား၍ “အရှင်မင်းကြီး မည်သို့ပြုဘိသနည်း။ အာဗနာသည် အရှင့်ထံလာပြီးမှ သူ့ကိုအဘယ်ကြောင့် ပြန်သွားခွင့်ပြုသနည်း။ ယခုမှာ သူလွတ်သွားပြီ။
ဖြောင့်မတ်သောသူကို အပြစ်ဒဏ်ပေးခြင်း၊ မင်းအရာရှိတို့ကို ဖြောင့်မှန်မှုအတွက်ရိုက်ခြင်းသည် မကောင်းပေ။
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။