Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 17:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ဖြောင့်မတ်​သော​သူ​ကို အပြစ်ဒဏ်​ပေး​ခြင်း​၊ မင်းအရာရှိ​တို့​ကို ဖြောင့်မှန်မှု​အတွက်​ရိုက်​ခြင်း​သည် မ​ကောင်း​ပေ​။

Ver Capítulo Copiar

Common Language Bible

26 ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။

Ver Capítulo Copiar

Garrad Bible

26 ဖြောင့် မတ် သော သူ့ ကို ဒဏ် စီ ရင် ရန်လည်း‌ ကောင်း၊ ဖြောင့် မှန် ခြင်း ကို ထောက်၍၊ သူ တော် ကောင်း တို့ ကို ဒဏ် ခတ် ရန်လည်း‌ ကောင်း၊ မ သင့် မ လျော်။

Ver Capítulo Copiar

Judson Bible

26 ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ဒဏ်​မ​ပေး​ကောင်း။ တ​ရား​သ​ဖြင့် စီ​ရင်​သော​မင်း​ကို​လည်း မ​ထိ​ခိုက်​ကောင်း။

Ver Capítulo Copiar




သုတ္တံကျမ်း။ 17:26
10 Referencias Cruzadas  

ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ ကွပ်မျက်​သော​အမှု​မျိုး​ပြု​ခြင်း​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​ကဲ့သို့ ခံစား​စေ​သော​အမှု​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​တရားစီရင်​တော်မူ​သော​အရှင်​သည် တရားမျှတ​စွာ​ပြု​တော်မူ​မည်​မ​ဟုတ်​လော​”​ဟု လျှောက်​လေ​၏​။


ယခု ထ​ပါ​။ အရှင့်​အမှုထမ်း​တို့​ထံ​သွား​၍ နှစ်သိမ့်စကား​မြွက်ဆို​ပေး​ပါ​။ အရှင်မင်းကြီး​မ​သွား​လျှင် ယခု​ည​တွင်ပင် အရှင်မင်းကြီး​ထံပါး​၌ မည်သူ​မျှ​ကျန်​ခဲ့​မည်​မ​ဟုတ်​ပါ​။ ဤ​အမှု​သည် အရှင်မင်းကြီး ငယ်စဉ်​မှစ၍ ယခု​ချိန်​ထိ ကြုံ​ဖူး​သော​ဒုက္ခ​အားလုံး​ထဲတွင် အဆိုးဆုံး​ဖြစ်​လိမ့်မည်​ကို ထာဝရဘုရား​ကို​တိုင်တည်​၍ အကျွန်ုပ်​ကျိန်​ဝံ့​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။


ငါ​သည် ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​ခံရ​သော်လည်း ယနေ့ စိတ်အားလျော့​လျက်​ရှိ​၏​။ ဇေရုယာ​၏​သား​ဖြစ်​သော ဤ​သူ​တို့​မူကား ငါ့​ထက် စိတ်​ခက်ထန်​ကြ​၏​။ ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​ကို မကောင်းမှု​နှင့်​အလျောက် ပြန်ပေးဆပ်​ပါစေသော​”​ဟု ဆို​လေ​၏​။


ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​သော​သူ​နှင့် ဖြောင့်မတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​သော​သူ​နှစ်ဦးစလုံး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​ကို​မျက်နှာလိုက်​ခြင်း​၊ ဖြောင့်မတ်​သော​သူ​ကို မတရားသဖြင့်​စီရင်​ခြင်း​သည် မ​ကောင်း​ပေ​။


အို စစ်သမီးပျို​တပ်ဖွဲ့​တို့​၊ စုဝေး​ကြ​လော့​။ ငါ​တို့ ဝိုင်းထား​ခံရ​ပြီ​။ အစ္စရေး​အုပ်ချုပ်​သူ​တို့​၏​ပါး​ကို ကြိမ်လုံး​နှင့်​ရိုက်​ကြ​ပြီ​။


ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos