ရှမ္မသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
ထို သူ သည် မြေ ကွက် အ လယ် တွင် ရပ် တန့် ခု ခံ လျက် ဖိ လိ တ္တိ သူ ရဲ တို့ ကို လုပ် ကြံ သ ဖြင့် ကြီး စွာ သော အောင် မြင် ခွင့် ကို ထာဝရ ဘု ရား ပေး တော် မူ ၏။
ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မလျက် ဖိလိတ္တိလူတို့ကိုလုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းကို ပြုတော်မူ၏။
သူသည် မဆုတ်ဘဲ လက်ကိုဓားမှပြန်ခွာ၍မရအောင် လက်အန်သေသည်အထိ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထိုနေ့တွင် ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။ စစ်သည်တို့သည်ပင် တိုက်ရာပါပစ္စည်းများကို သိမ်းယူဖို့ရန် ပြန်လှည့်လာကြရ၏။
ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။ တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
စစ်တိုက်ရမည့်နေ့အတွက် မြင်းကိုပြင်ဆင်ထားသော်လည်း အောင်ပွဲသည် ထာဝရဘုရားနှင့်ဆိုင်၏။