ထိုသို့ အာမသကို လမ်းမမှရွှေ့လိုက်ပြီးမှ လူအပေါင်းတို့သည် ဗိခရိ၏သား ရှေဘကိုဆက်လိုက်ရန် ယွာဘနောက်သို့ လိုက်သွားကြလေ၏။
လမ်းပေါ်မှအလောင်းကိုဖယ်ရှားလိုက်သော အခါ လူအပေါင်းတို့သည်ရှေဘအားလိုက် လံဖမ်းဆီးရန်ယွာဘ၏နောက်သို့လိုက်သွား ကြ၏။
ထို သို့ ရွှေ့ ထား ပြီး မှ တပ် သား အ ပေါင်း တို့ သည် ယွာ ဘ နောက် လိုက် ချီ၍ ဗိ ခ ရိ သား ရှေ ဘ ကို လိုက် လံ ကြ ၏။
ထိုသို့ လမ်းမကရွှေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာဘနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ယွာဘ၏နောက်လိုက်လုလင်တစ်ဦးသည် အာမသအနီးတွင်ရပ်လျက် “ယွာဘနှင့် ဒါဝိဒ်မင်းကြီးဘက်ပါသောသူ မည်သူမဆို ယွာဘနောက်သို့လိုက်ကြလော့”ဟု အော်ပြော၏။
ရှေဘသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ရှိရာသို့သွား၏။ အာဗေလမြို့၊ ဗက်မာခမြို့နှင့် ဗေရိမြို့သားအပေါင်းတို့ထံသို့လည်း ရောက်၏။ ထိုသူတို့သည် စုရုံးကြပြီး ရှေဘနောက်သို့လိုက်ကြ၏။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ဖြောင့်မှန်သောသူတို့၏လမ်းသည် မကောင်းမှုမှဖယ်ခွာခြင်းဖြစ်၏။ မိမိသွားရာလမ်းကို ထိန်းသိမ်းစောင့်ရှောက်သောသူသည် မိမိအသက်ကိုစောင့်ထိန်းသောသူဖြစ်၏။
အဆီးရီးယားဘုရင်သည် ရာဗရှာခကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ရာဗရှာခသည် ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချလေ၏။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
ထိုအခါ ထာဝရဘုရားက ဟေရှာယအား “သင်သည် သင်၏သားရှာယာရှုပ်နှင့်အတူ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းအဆုံး၌ အာခတ်မင်းကြီးနှင့် သွားရောက်တွေ့ဆုံ၍
မှတ်တိုင်များကို စိုက်သွားလော့။ ကျောက်ပုံများဖြင့် အမှတ်အသားပြုသွားလော့။ သင်သွားသောလမ်းမကြီးကို သင့်စိတ်ထဲ၌ မှတ်သားသွားလော့။ အို အစ္စရေးအပျိုကညာ၊ ပြန်လာလော့။ ဤမြို့များသို့ ပြန်လာလော့။
အစ္စရေးအမျိုးသားတို့ကလည်း “အကျွန်ုပ်တို့သည် ရှင်ဘုရင်လမ်းမအတိုင်းသာ သွားပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည် အရှင်၏ရေကိုသောက်မိလျှင် အဖိုးအခကိုပေးပါမည်။ ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်”ဟု ပြန်လျှောက်၏။
ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။
တစ်ဖန် သူတို့က “ကြည့်ပါ။ ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှရှေခင်မြို့သို့တက်သွားသောလမ်းအရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်တွင်ရှိသော ရှိလောမြို့၌ နှစ်စဉ် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပလေ့ရှိ၏”ဟု ဆို၍
နွားမတို့သည် ဗက်ရှေမက်လမ်းအတိုင်း လမ်းမတစ်လျှောက် လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွဲဘဲ အော်မြည်လျက် တည့်တည့်တက်သွား၏။ ဖိလိတ္တိမင်းတို့သည်လည်း ဗက်ရှေမက်နယ်နိမိတ်တိုင်အောင် အနောက်မှ လိုက်သွားကြ၏။