မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
၂ ရာ 19:31 - မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရှင်ဘုရင်ကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ရန် ရောဂေလိမ်မြို့မှ ဂျော်ဒန်မြစ်သို့ ဆင်းလာ၏။ Common Language Bible ဂိလဒ်ပြည်သားဗာဇိလဲသည်လည်းမင်း ကြီးအား ယော်ဒန်မြစ်တစ်ဘက်သို့ပို့ဆောင် ရန်ရောဂေလိမ်မြို့မှလာ၏။- Garrad Bible ဂိ လဒ် နယ် သား ဗာ ဇိ လဲ လည်း ရော ဂေ လိမ် မြို့ မှ ဆင်း လာ၍ ယော် ဒန် မြစ် တစ် ဖက် တိုင် ဘုရင် မင်း လိုက် ပို့ ခြင်း ငှာ ယော် ဒန် မြစ် ရောက် နောက် တော် က လိုက် လေ ၏။ Judson Bible ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ခြင်းငှာ ကိုယ်တော်နှင့်အတူ ကူးလေ၏။ |
မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
သို့သော် ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကို မေတ္တာကရုဏာပြ၍ သင်နှင့် တစ်စားပွဲတည်း၌စားရသောသူတို့နှင့်အတူ စားစေလော့။ အကြောင်းမူကား သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးခဲ့ရစဉ်က သူတို့သည် ငါ့ကို လာရောက်မေတ္တာပြခဲ့ကြပြီ။
ယဇ်ပုရောဟိတ်သားမြေးတို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကိုစုံဖက်၍ ထိုနာမည်ကိုဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။
ယဇ်ပုရောဟိတ်တို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကို စုံဖက်၍ ထိုနာမည်ကို ဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။