ဟေဗြုန်အမျိုးဖြစ်သော ယေရိယသည် ဘိုးဘေးအိမ်ထောင်စု၏ဆွေစဉ်မျိုးဆက်အရ ဟေဗြုန်အမျိုး၏အကြီးအမှူးဖြစ်၏။ ဒါဝိဒ်မင်းကြီးနန်းစံအနှစ်လေးဆယ်အတွင်း ရဲစွမ်းသတ္တိရှိသူများကို ရှာဖွေရာ သူတို့ကို ဂိလဒ်ပြည်၊ ယာဇာမြို့တွင် တွေ့ခဲ့၏။
၁ ရာချုပ် 6:81 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် ခွဲဝေပေး၏။ Common Language Bible ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။ Judson Bible ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။ |
ဟေဗြုန်အမျိုးဖြစ်သော ယေရိယသည် ဘိုးဘေးအိမ်ထောင်စု၏ဆွေစဉ်မျိုးဆက်အရ ဟေဗြုန်အမျိုး၏အကြီးအမှူးဖြစ်၏။ ဒါဝိဒ်မင်းကြီးနန်းစံအနှစ်လေးဆယ်အတွင်း ရဲစွမ်းသတ္တိရှိသူများကို ရှာဖွေရာ သူတို့ကို ဂိလဒ်ပြည်၊ ယာဇာမြို့တွင် တွေ့ခဲ့၏။
ဂဒ်အမျိုးအနွယ်ထံမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
အစ္စရေးလူမျိုးတို့သည် ထိုပြည်ရှိမြို့အားလုံးကို သိမ်းယူကြ၏။ အာမောရိလူမျိုးတို့၏မြို့များဖြစ်သော ဟေရှဘုန်မြို့မှစ၍ ထိုမြို့နှင့်ဆိုင်သောမြို့ငယ်ရှိသမျှတို့၌ အစ္စရေးလူမျိုးတို့နေထိုင်ကြ၏။
မောရှေသည် လူလွှတ်၍ ယာဇာမြို့ကိုထောက်လှမ်းပြီးနောက် ထိုမြို့နှင့်ဆိုင်သောမြို့ရွာတို့ကိုသိမ်းပိုက်ပြီး ထိုအရပ်ရှိအာမောရိလူမျိုးတို့ကို နှင်ထုတ်လေ၏။
ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့၌ တိရစ္ဆာန်မြောက်မြားစွာရှိ၏။ ယာဇာပြည်နှင့်ဂိလဒ်ပြည်ကို တိရစ္ဆာန်တို့အတွက် စားကျက်ကောင်းသောအရပ်ဖြစ်သည်ကို တွေ့မြင်လျှင်
ထ၍ ခရီးပြုကြလော့။ အာနုန်ချောင်းကိုကူးသွားလော့။ အာမောရိလူမျိုးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် သူ၏ပြည်ကို သင်တို့လက်သို့ ငါအပ်ပြီ။ သူ့ပြည်ကိုစတင်သိမ်းပိုက်လော့။ သူ့ကိုရန်စ၍ တိုက်ခိုက်လော့။
ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)