ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန် ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။
၁ ရာချုပ် 19:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန်ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။ Common Language Bible ယွာဘနှင့်သူ၏တပ်သားတို့သည်ရှေ့သို့ ချီတက်တိုက်ခိုက်လျှင် ရှုရိတပ်သားတို့ သည်ထွက်ပြေးကြကုန်၏။- Garrad Bible အ ပေါင်း ပါ တို့ နှင့် တ ကွ ချဉ်း ကပ် တိုက် ခိုက် သော အ ခါ ရှု ရိ တပ် ဆုတ် ပြေး ရ ကြ၏။ Judson Bible သူ၌ပါသော လူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ |
ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန် ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။
ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
အားယူကြလော့။ ငါတို့လူမျိုးအတွက်၊ ငါတို့ဘုရားသခင်၏မြို့တော်အတွက် ငါတို့ရဲရင့်စွာတိုက်ကြစို့။ ထာဝရဘုရားသည် အလိုတော်ရှိသည့်အတိုင်း လုပ်ဆောင်ပေးတော်မူလိမ့်မည်”ဟု အားပေးစကားဆို၏။
ထိုသို့ ဆီးရီးယားလူမျိုးတို့ ထွက်ပြေးကြသည်ကို အမ္မုန်အမျိုးသားတို့မြင်သောအခါ သူတို့လည်း ယွာဘ၏ညီအဘိရှဲရှေ့မှ မြို့ထဲသို့ပြန်ပြေးဝင်ကြ၏။ ထို့နောက် ယွာဘသည် ဂျေရုဆလင်မြို့သို့ ပြန်လာ၏။