၃ ရာ 20:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။ Ver CapítuloCommon Language Bible13 ဤအတောအတွင်း၌ပရောဖက်တစ်ပါးသည် အာဟပ်မင်းထံသို့သွား၍``ထာဝရဘုရား ကသင့်အား`ထိုကြီးမားသည့်စစ်သည်အလုံး အရင်းကိုမြင်၍မကြောက်နှင့်။ ယနေ့သင့် အားထိုတပ်မတော်ကြီးကိုဖြိုခွင်းခွင့်ငါ ပေးမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သင်သိရလိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ Ver CapítuloGarrad Bible13 ထို အ ခါ ဣ သ ရေ လ ဘု ရင် အာ ဟပ် မင်း ထံ ပ ရော ဖက် တစ် ပါး ချဉ်း လာ၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို သည် ကား ကြီး စွာ သော ထို အ လုံး အ ရင်း ကို မြင် ၏ လော။ သင့် လက် သို့ ယ နေ့ အပ် မည့် အ လျောက် ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် သိ ရ လိမ့် မည် ဟု ဆင့် ဆို လျှင် Ver CapítuloJudson Bible13 ထိုအခါ ပရောဖက်တစ်ပါးသည် ဣသရေလရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကိုဆင့်ဆို၏။ Ver Capítulo |
ထိုအခါ အာဟပ်မင်းကြီးက “မည်သူ့အားဖြင့်နည်း”ဟု မေးလျှင် ပရောဖက်ကလည်း “ထာဝရဘုရားက ‘နယ်မြေခံစစ်သူကြီးတို့၏တပ်သားများအားဖြင့် ဖြစ်မည်’ဟူ၍ မိန့်တော်မူပါ၏”ဟု ဆင့်ဆို၏။ အာဟပ်မင်းကြီးကလည်း “မည်သူက စတင်တိုက်ပွဲဝင်ရမည်နည်း”ဟု မေးလျှင် ပရောဖက်က “အရှင်မင်းကြီး ဖြစ်၏”ဟု ပြန်ဖြေ၏။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။