၁ ရာချုပ် 1:7 - မြန်မာ့စံမီသမ္မာကျမ်း ယာဝန်၏သားများမှာ ဧလိရှာ၊ တာရှု၊ ခိတ္တိမ်နှင့်ရောဒနိမ် တို့ဖြစ်ကြ၏။ Common Language Bible ယာဝန်မှဆင်းသက်လာသူများသည်ဧလိရှာ၊ တာရှု၊ ကိတ္တိမ်နှင့်ဒေါဒါနိမ်အမျိုးသားများ ဖြစ်ကြ၏။ Garrad Bible ယာ ဝန့် သား များ ကား ဧ လိ ရှာ၊ တာ ရှု၊ ကိ တ္တိမ်၊ ရော ဒ နိမ် တို့ တည်း။ Judson Bible ယာဝန်သားကား ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒါနိမ်တည်း။ |
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ အကြောင်းမူကား တိုင်ရာမြို့သည် အိမ်မရှိ၊ ဆိပ်ကမ်းမရှိတော့သည့်တိုင်အောင် ဖျက်ဆီးခံရလေပြီဟု ဆိုက်ပရပ်ပြည်မှတစ်ဆင့် ကြားသိရပြီ။
ကိုယ်တော်က “နှိပ်စက်ခြင်းခံရသောဆီဒုန်သမီးပျို၊ သင်သည် နောက်တစ်ဖန် ရွှင်မြူးရတော့မည်မဟုတ်။ ထ၍ ဆိုက်ပရပ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း သင့်အတွက်ငြိမ်းချမ်းခြင်းရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
“ဆိုက်ပရပ်ကမ်းရိုးတန်းဒေသများကို ဖြတ်၍ ကြည့်ရှုလော့။ ကေဒါပြည်သို့လူလွှတ်၍ အသေအချာစူးစမ်းစေလော့။ ဤသို့ဖြစ်ခဲ့ဖူးပြီလော။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
အချက်ပြအလံသဖွယ်ရွက်ထည်ကို အီဂျစ်ပြည်မှလာသောရောင်စုံချည်ဖြင့် ပုံဖော်ထားသော ပိတ်ချောထည်ဖြင့် လုပ်ထား၏။ ကုန်းပတ်အကာကို ဧလိရှာကျွန်းမှလာသော အပြာရောင်၊ ခရမ်းရောင်အကောင်းစားချည်ထည်တို့နှင့် လုပ်ထား၏။
ဆိုက်ပရပ်ကျွန်းမှစစ်သင်္ဘောတို့သည် သူ့ကိုလာတိုက်ကြလိမ့်မည်။ သူသည် ခံပြင်းလျက်ပြန်သွားလိမ့်မည်။ အမျက်ထွက်သဖြင့်သန့်ရှင်းသောပဋိညာဉ်ကိုဆန့်ကျင်ပြီး မိမိအလိုကျပြုလိမ့်မည်။ သူသည် ပြန်သွား၍ သန့်ရှင်းသောပဋိညာဉ်ကိုစွန့်ပယ်သောသူတို့အား မျက်နှာသာပေးလိမ့်မည်။
ဆိုက်ပရပ်ဆိပ်ကမ်းမှ သင်္ဘောတို့သည်လာ၍ အဆီးရီးယားလူမျိုးကို နှိပ်စက်လိမ့်မည်။ ဧဗာလူမျိုးကိုလည်း နှိပ်စက်လိမ့်မည်။ သို့သော် သူတို့သည်လည်း ပျက်စီးရလိမ့်မည်”ဟု ဆို၏။