သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
၁ ရာ 20:14 - မြန်မာ့စံမီသမ္မာကျမ်း ငါမသေရမည့်အကြောင်း ငါအသက်ရှင်လျက်နေစဉ်တွင် ငါ့အား ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို မပြဘဲမနေပါနှင့်။ Common Language Bible သင်သည်ကျွန်ုပ်အသက်ရှင်စဉ်အခါ၌မိမိ ကျိန်ဆိုကတိပြုခဲ့သည်အတိုင်း ကျွန်ုပ်အား သစ္စာစောင့်ရမည်သာမက၊ ကျွန်ုပ်သေဆုံးပြီး နောက်၊- Garrad Bible ငါ အ သက် ရှင် သေး သည် ဖြစ် လျှင် သင် သည် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် အ တိုင်း ပြု၍ အ သက် ချမ်း သာ ပေး မည် မ ဟုတ် လော။ Judson Bible သင်သည် ကျွန်ုပ်အသက်ရှင်စဉ်အခါ၌သာ အသက်ချမ်းသာစေခြင်းငှာ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူးပြုရမည်မက၊ |
သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
ထိုအခါ ရှင်ဘုရင်က “ရှောလုမင်းကြီး၏အမျိုးအနွယ် တစ်ဦးဦးရှိသေးသလော။ ဘုရားသခင်ထံမှ မေတ္တာကရုဏာတော်ကို သူ့အား ငါပြလို၏”ဟု ဆိုလျှင် ဇိဘက “ယောနသန်၌ သားတစ်ဦးရှိပါသေး၏။ သူသည် ခြေနှစ်ဖက်လုံးမသန်စွမ်းပါ”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။
ငါ့ခမည်းတော်က သင့်ကိုမကောင်းကြံလျှင်လည်း သင်သည် ဘေးကင်းစွာ ထွက်သွားနိုင်ရန် သင့်ကို ပြောကြားပေးမည်။ ထိုသို့ငါမပြုလျှင် ထာဝရဘုရားသည် ငါယောနသန်ကို ထိုထက်မကပြုတော်မူပါစေသော။ ထာဝရဘုရားသည် ငါ့ခမည်းတော်နှင့်အတူရှိတော်မူသကဲ့သို့ သင်နှင့်လည်း အတူရှိတော်မူပါစေသော။
ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူအပေါင်းတို့ကို မြေမျက်နှာပြင်မှ သုတ်သင်ပယ်ရှင်းတော်မူသည့်အခါ ငါ၏အိမ်သူအိမ်သားတို့အား သင်၏မေတ္တာကရုဏာကို မဖြတ်ဘဲ ဆက်၍ပြသပေးပါ”ဟု ဆို၏။
ယခု သင်နှင့် ငါကတိသစ္စာထားခဲ့သောအရာများနှင့်ပတ်သက်၍ ထာဝရဘုရားသည် သင်နှင့် ငါ၏ကြားမှာသက်သေအစဉ် ဖြစ်ပါစေ”ဟု ဆို၏။
သို့ဖြစ်၍ သင်သည် နောင်လာမည့် ငါ့သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့နာမကိုလည်း ငါ့ဖခင်၏အိမ်ထောင်စုမှ မပယ်ရှားမည့်အကြောင်း ထာဝရဘုရားရှေ့၌ ကျိန်ဆိုပါလော့”ဟု ဆိုလျှင်