၁ ရာ 20:13 - မြန်မာ့စံမီသမ္မာကျမ်း13 ငါ့ခမည်းတော်က သင့်ကိုမကောင်းကြံလျှင်လည်း သင်သည် ဘေးကင်းစွာ ထွက်သွားနိုင်ရန် သင့်ကို ပြောကြားပေးမည်။ ထိုသို့ငါမပြုလျှင် ထာဝရဘုရားသည် ငါယောနသန်ကို ထိုထက်မကပြုတော်မူပါစေသော။ ထာဝရဘုရားသည် ငါ့ခမည်းတော်နှင့်အတူရှိတော်မူသကဲ့သို့ သင်နှင့်လည်း အတူရှိတော်မူပါစေသော။ Ver CapítuloCommon Language Bible13 သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။- Ver CapítuloGarrad Bible13 ခ မည်း တော် သည် မ ကောင်း ကြံ မှန် က ငါ ဖော် ပြ၍ ဘေး လွတ် စွာ ထွက် သွား ခွင့် မ ပေး လျှင် ထာ ဝ ရ ဘု ရား သည် ငါ ယော န သန့် အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော။ ထာ ဝ ရ ဘု ရား သည် ခ မည်း တော် နှင့် အ တူ ရှိ တော် မူ ခဲ့ သည့် နည်း တူ သင် နှင့် အ တူ ရှိ ပါ စေ သော။ Ver CapítuloJudson Bible13 သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှာ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာသွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်လည်းကောင်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။ Ver Capítulo |