သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
၁ ရာ 12:24 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ Common Language Bible ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။- Garrad Bible သင် တို့ သည် လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သော မ ဟာ ကျေး ဇူး တော် ကို ထောက် ရှု သဖြင့် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက် သ စ္စာ စောင့်၍ စိတ် နှ လုံး အ ကြွင်း မဲ့ ဝတ် ပြု ကြ လော့။ Judson Bible သို့ရာတွင် ထာဝရဘုရားကိုကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဖို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်ကို အောက်မေ့ကြလော့။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်၏။ ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာသောသူ အပေါင်းတို့သည် ကောင်းသောဉာဏ်စွမ်းကိုရရှိကြ၏။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ထာဝရတည်၏။
အကျွန်ုပ်သည် အရှက်ကွဲခြင်းနှင့် ကင်းလွတ်မည့်အကြောင်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့နှင့်ပတ်သက်၍ အပြစ်တင်စရာကင်းပါစေသော။
သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “ထာဝရဘုရားသည် အီဂျစ်ပြည်၌ ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့်တကွ သူ၏ပြည်တစ်ပြည်လုံးကို သင်တို့ရှေ့မှောက်တွင် မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ပြီ။
သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။