၁ ကော 7:27 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မယားနှင့်အနှောင်အဖွဲ့ရှိလျှင် ကွာရှင်းရန်မကြံစည်နှင့်။ မယားနှင့်အနှောင်အဖွဲ့မရှိလျှင် မယားကိုမရှာနှင့်။ Common Language Bible သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။- Garrad Bible မ ယား နှင့် ချည် နှောင် လျက် ရှိ သ လော။ လွတ် ခွင့် မ ရှာ နှင့်။ လွတ် ကင်း လျက် ရှိ သ လော။ မ ယား မ ရှာ နှင့်။ Judson Bible သင်သည်မယားရှိလျှင် လွတ်စေခြင်းငှာ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၌ ဇနီးရှိပါက ကွာရှင်းရန် မကြံစည်နှင့်။ ဇနီးမရှိပါက အိမ်ထောင်ပြုရန် မကြံစည်နှင့်။ |
မျက်မှောက်ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းခြင်းကြောင့် ဤအတိုင်းနေလျှင် ကောင်း၏ဟု ငါယူဆ၏။ ယောက်ျားသည်လည်း လက်ရှိအခြေအနေအတိုင်းနေလျှင် ကောင်း၏။
သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။