၁ ကော 7:28 - မြန်မာ့စံမီသမ္မာကျမ်း28 သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။ Ver CapítuloCommon Language Bible28 သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။ Ver CapítuloGarrad Bible28 သင် သည် အိမ် ထောင် ပြု လျှင် မူ ကား အ ပြစ် ရှိ သည် မ ဟုတ်။ သ မီး က ညာ လည်း အိမ် ထောင် ပြု လျှင် အ ပြစ် မ ရှိ။ သို့ ရာ တွင် ထို သို့ ပြု သော သူ တို့၌ ကာ ယ ဒု က္ခ ရောက် လိမ့် မည်။ ငါ သည် သင် တို့ ကို ဒု က္ခ မ ရောက် စေ လို။ Ver CapítuloJudson Bible28 သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဖူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသောသူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း28 သို့သော် အိမ်ထောင်ပြုလျှင်လည်း ၎င်းသည် အပြစ်မဟုတ်ပါ။ အပျိုစင်တစ်ယောက်အိမ်ထောင်ပြုလျှင်လည်း အပြစ်မဟုတ်ပါ။ သို့ရာတွင် ဤကာလ၌ အိမ်ထောင်ပြုသူတို့သည် ဆင်းရဲဒုက္ခနှင့် ကြုံရမည်ဖြစ်၍ ကျွန်ုပ်သည် သင်တို့ကို ထိုဒုက္ခများမှ ကင်းလွတ်ရန် ပြောရခြင်းဖြစ်၏။ Ver Capítulo |