ဤသို့ဖြင့် ရှင်ဘုရင်နှင့် ဟာမန်သည် မိဖုရားဧသတာ၏စားသောက်ပွဲသို့ ရောက်လာကြ၏။
ဤသို့ဖြင့်မင်းကြီးနှင့်ဟာမန်သည် ဧသတာ ၏ညစာစားပွဲသို့-
ထို သို့ ဘု ရင် မင်း နှင့် ဟာ မန် တို့ သည်၊ မိ ဖု ရား ဧ သ တာ နှင့် အ တူ ပွဲ တော် တည် ရန် ဝင် ရောက် ပြီး လျှင်၊
တစ်ဖန် ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှာ သွားကြ၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။
ထိုသို့ ပြောဆိုနေကြစဉ်တွင်ပင် မိန်းမစိုးတို့ရောက်လာ၍ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်ကို အလျင်အမြန်ခေါ်သွားကြ၏။
ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။