ဧသတာ 7:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible2 ဒုတိယအကြိမ်သွားရောက်ကြ၏။ မင်းကြီး သည်စပျစ်ရည်သောက်လျက်နေစဉ်ဧသတာ အား``မိဖုရားဧသတာ၊ အဘယ်ဆုကိုတောင်း လိုပါသနည်း။ ငါ့အားပြောကြားလော့။ သင့် အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော် တစ်ဝက်တိုင်အောင်သင့်အားငါပေးမည်'' ဟု မိန့်တော်မူ၏။ Ver CapítuloGarrad Bible2 ဒု တိ ယ နေ့ စ ပျစ် ရည် ပွဲ တော်၌ ဘု ရင် မင်း က၊ မိ ဖု ရား ဧ သ တာ၊ မည် သို့ တောင်း လျှောက် လို သ နည်း။ ငါ ပေး မည်။ မည် သည် ကို လို သ နည်း။ နိုင် ငံ တော် တစ် ဝက် တိုင် အောင် ငါ ပေး မည် ဟု မိန့် ဆို လျှင်၊ Ver CapítuloJudson Bible2 ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ Ver Capítulo |
ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။