လူတို့သည် သင်တို့၏လုယက်ပစ္စည်းကို ကျိုင်းကောင်အစုအအုံကဲ့သို့ စုပုံထားကြမည်။ ကျိုင်းကောင်များခုန်ပေါက်ပြေးလွှားသကဲ့သို့ ထိုပစ္စည်းတို့အပေါ် ပြေးလွှားကြမည်။
အာမုတ် 7:1 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။ Common Language Bible အထွတ်ဘုရင်အရှင်ထာဝရဘုရားထံမှ ရူပါရုံတစ်ခုကိုငါမြင်ရ၏။ ဘုရင်မင်း မြတ်အတွက်ကောက်ပင်များရိတ်ပြီးစကာလ နှောင်း၊ မြက်ပင်ပေါက်ခါစအချိန်၌ထာဝရ ဘုရားသည်ကျိုင်းကောင်တစ်အုပ်ကိုဖန်ဆင်း တော်မူသည်။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ ကံ ကျွေး စာ မ ရင်း ကို ရိတ် သိမ်း ပြီး နောက်၊ ကောက် ပင် ပေါက် စ ကာ လ၊ ဖန် ဆင်း တော် မူ သော ကျိုင်း အုပ် သည်။ တစ် ပြည် လုံး ကောက် ပင် ကို စား ခဲ့ ကြောင်း ငါ မြင် ရာ၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ချမ်း သာ ပေး တော် မူ ပါ။ သိမ် ငယ် သော ယာ ကုပ် အ မျိုး သည် မည် သို့ ထ ပြန် အံ့ နည်း ဟု တောင်း လျှောက် သည် ကို ထောက်၍၊ Judson Bible တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင်ဆိုင်သော မြက်ပင်ကိုရိတ်ပြီးမှ၊ နောက်မြက်ပင် ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။ |
လူတို့သည် သင်တို့၏လုယက်ပစ္စည်းကို ကျိုင်းကောင်အစုအအုံကဲ့သို့ စုပုံထားကြမည်။ ကျိုင်းကောင်များခုန်ပေါက်ပြေးလွှားသကဲ့သို့ ထိုပစ္စည်းတို့အပေါ် ပြေးလွှားကြမည်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။
ဂါဇံကျိုင်းတို့အကျန်ကို အရာဘကျိုင်းတို့ စားလေပြီ။ အရာဘကျိုင်းတို့အကျန်ကို ယာလက်ကျိုင်းတို့ စားလေပြီ။ ယာလက်ကျိုင်းတို့အကျန်ကို ခါသိလကျိုင်းတို့ စားလေပြီ။
“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။
“လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။
တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ နွေရာသီသီးနှံထည့်ထားသောတောင်းတစ်လုံးကို ငါမြင်၏။
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။