သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ဟဗက္ကုတ် 3:10 - မြန်မာ့စံမီသမ္မာကျမ်း တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။ Garrad Bible ရှု မြင် သော တောင် များ သည် တုန် လှုပ် လျက်။ မိုဃ်း သက် မုန် တိုင်း သည် တိုက် သွား လျက်။ သ မု ဒ္ဒ ရာ သည် ဟုန်း သံ လွှင့်၍။ ကြီး စွာ သော လှိုင်း တံ ပိုး ထ ရ၏။ Judson Bible တောင်တို့သည် ကိုယ်တော်ကို မြင်၍ တုန်လှုပ်ကြပါ၏။ လျှံသောရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍ လက်ကို ချီပါ၏။ |
သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောအခါ ၎င်းသည် တုန်လှုပ်၏။ တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
မြက်ခင်းပြင်တို့သည် သိုးအုပ်နှင့်ပြည့်စုံလျက် ချိုင့်ဝှမ်းတို့သည် ဂျုံစပါးနှင့်ဖုံးလွှမ်းလျက်ရှိပါ၏။ ၎င်းတို့သည် ဝမ်းမြောက်စွာကြွေးကြော်၍ သီချင်းဆိုကြပါ၏။
ကိုယ်တော်သည် ပင်လယ်ကို ကုန်းမြေအဖြစ်သို့ပြောင်းလဲစေတော်မူ၏။ လူတို့သည် မြစ်ကိုခြေကျင်ဖြတ်ကူးကြ၏။ ထိုအရပ်တွင် ငါတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ကြ၏။
အို ထာဝရဘုရား၊ မြစ်တို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မြစ်တို့သည် မိမိတို့၏အသံကို ဟုန်းဟုန်းမြည်စေကြပါ၏။ မြစ်တို့သည် မိမိတို့၏လှိုင်းခတ်သံများကို ဟုန်းဟုန်းမြည်စေကြပါ၏။
ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုအခါ ပင်လယ်ပေါ်၌ ပြင်းထန်သောမုန်တိုင်းကျရောက်လာသဖြင့် လှေသည် လှိုင်းများအောက် နစ်လုမတတ်ဖြစ်လေ၏။ သို့သော် ကိုယ်တော်သည် အိပ်စက်နေတော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်မှတက်လာ၍ ကုန်းမြေပေါ်တွင် ခြေချလိုက်သည်နှင့် ဂျော်ဒန်မြစ်ရေသည် ပြန်စီးလာ၍ ယခင်ကကဲ့သို့ ကမ်းတစ်လျှောက်လုံး ရေလျှံလေ၏။
ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ကောင်းကင်သည်လည်း စာလိပ်ကိုလိပ်လိုက်သကဲ့သို့ ပျောက်လွင့်သွား၍ တောင်နှင့်ကျွန်းရှိသမျှတို့သည် မိမိတို့နေရာမှရွေ့သွားကြ၏။