မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
ဟေရှာယ 9:9 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်အမျိုးနှင့် ရှမာရိမြို့၌နေထိုင်သောလူအပေါင်းတို့သည် ကြားသိကြလိမ့်မည်။ သူတို့သည် ခက်ထန်မောက်မာသောစိတ်ဖြင့် Common Language Bible ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊- Garrad Bible အုတ် တိုက် များ ပြို သော် လည်း၊ ကျောက် ဆစ် ဖြင့် တည် ဆောက် ခြင်း။ ပိုး စာ သား ကျ သော် လည်း၊ သစ် က တိုး သား လဲ လှယ် ခြင်း၊ ပြု ဦး မည် ဟု မာ န မြင့် လျက် ထောင် လွှား သော ရှ မာ ရိ မြို့ တော်၊ ဧ ဖ ရိမ် ပြည် နေ ထိုင် သူ အ ပေါင်း တို့ သည် သိ ရ ကြ လိမ့် မည်။ Judson Bible အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။ |
မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။
သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် ခြေအောက်၌ နင်းချေခြင်းခံရလိမ့်မည်။
စိတ်နှလုံးမာကျောသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဖြောင့်မတ်ခြင်းနှင့်ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
သင်၏လည်ပင်းသည် သံချောင်းကဲ့သို့၊ သင်၏နဖူးသည် ကြေးဝါကဲ့သို့ဖြစ်၍ သင်သည် ခေါင်းမာသောသူဖြစ်ကြောင်း ငါသိသောကြောင့်
“ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်နှင့် မဟာမိတ်ဖွဲ့သည်”ဟု ဒါဝိဒ်အမျိုးအနွယ်ကြားသိသောအခါ တောထဲမှသစ်ပင်တို့သည် လေတိုက်၍လှုပ်ခါသကဲ့သို့ အာခတ်မင်းကြီးနှင့် ပြည်သူပြည်သားတို့၏စိတ်နှလုံးသည် လှုပ်ခါသွားလေ၏။
ဘုရားရှင်သည် နှုတ်ကပတ်တော်ကို ယာကုပ်ထံသို့ စေလွှတ်တော်မူမည်။ အစ္စရေးလူမျိုးအပေါ်သို့ သက်ရောက်စေတော်မူမည်။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ထိုသို့ အီဂျစ်ပြည်ကို ဒဏ်ခတ်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့သော် ထိုစကားတို့ အမှန်ဖြစ်လာသောအခါမှ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ သင်တို့ကိုဒဏ်ခတ်သူမှာ ငါထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်။
အစ္စရေးသည် သူ့ကိုဖန်ဆင်းတော်မူသောအရှင်ကို မေ့လျော့၍ ဘုံဗိမာန်များစွာကို တည်လေပြီ။ ယုဒသည်လည်း ခံတပ်မြို့များကို တည်လေပြီ။ သို့သော် ငါသည် ထိုမြို့များအပေါ်သို့ မီးကိုကျရောက်စေ၍ ခံတပ်မြို့များကို လောင်ကျွမ်းစေမည်။”
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။
ထာဝရဘုရားက “သင်တို့သည် ငါ့ကိုဆန့်ကျင်၍ မောက်မောက်မာမာပြောဆိုကြ၏”ဟု မိန့်ဆိုသော် သင်တို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မည်သို့ဆန့်ကျင်ပြောဆိုကြသနည်း”ဟု ပြန်၍ပြောဆိုကြ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။