အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။
ဟေရှာယ 37:33 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ထိုအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။ Common Language Bible အာရှုရိဧကရာဇ်မင်း၏အကြောင်းထာဝရ ဘုရားမိန့်တော်မူသည်ကားဤသို့တည်း။ ကိုယ် တော်က``ထိုသူသည်ဤမြို့ကိုဝင်ရလိမ့်မည် မဟုတ်။ မြို့ထဲသို့လည်းမြားတစ်လက်မျှပင် ပစ်ရလိမ့်မည်မဟုတ်။ အဘယ်စစ်သူရဲမျှ ဒိုင်းလွှားကိုကိုင်ဆောင်၍မြို့အနီးသို့ချဉ်း ကပ်ရလိမ့်မည်မဟုတ်။ မြို့ကိုဝိုင်းရံရန်မြေ ကတုတ်များကိုလည်းဖို့လုပ်ရလိမ့်မည် မဟုတ်။- Garrad Bible အာ ရှု ရိ ဘု ရင် ကို ရည်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ပြန် သည် ကား၊ ထို မင်း သည် မြို့ ကို ချဉ်း ကပ် ခွင့်၊ မြှား ပစ် ခွင့်၊ မြို့ ပြင် တွင် ဒိုင်း လွှား ရေး ပြ ခွင့်၊ က တုတ် လှန် ခွင့်၊ ရ မည် မ ဟုတ် ချေ။ Judson Bible သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ |
အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် သစ်ပင်ကိုခုတ်လှဲ၍ မြေကတုတ်ဖို့ကြလော့။ ဤမြို့သည် ဒဏ်ခတ်ခံရမည့်မြို့ဖြစ်၏။ မြို့ထဲတွင် ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။
သင်ဝိုင်းထားသောမြို့ကျရှုံးသည်အထိ တိုက်ခိုက်ရာတွင် သီးစားပင်မဟုတ်ဟု သင်သိသည့်အပင်ကို ခုတ်လှဲ၍ ကတုတ်တည်ဆောက်နိုင်၏။