သူတို့သည် မြို့ကိုသိမ်းပိုက်လိုသောကြောင့် မြို့ရိုးပေါ်ရှိဂျေရုဆလင်မြို့သားတို့ ကြောက်ရွံ့ထိတ်လန့်အောင် ယုဒဘာသာစကားဖြင့် ကျယ်လောင်စွာအော်ဟစ်ပြောဆိုကြ၏။
ဟေရှာယ 36:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရာဗရှာခသည် မတ်တတ်ရပ်၍ ယုဒဘာသာစကားဖြင့် “အဆီးရီးယားဘုရင်မင်းမြတ်ကြီး၏အမိန့်တော်ကို နားထောင်ကြလော့။ Common Language Bible ထိုနောက်သူသည်ထ၍ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။- Garrad Bible ရပ် လျက် ယု ဒ ဘာ သာ စ ကား ဖြင့် ကျယ် စွာ ကြွေး ကြော် သည် မှာ၊ ဧ က ရာဇ် မင်း ဖြစ် သော အာ ရှု ရိ ဘု ရင့် အ မိန့် တော် ကို နာ ခံ ကြ လော့။ Judson Bible ရာဗရှာခသည် ထ၍ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။ |
သူတို့သည် မြို့ကိုသိမ်းပိုက်လိုသောကြောင့် မြို့ရိုးပေါ်ရှိဂျေရုဆလင်မြို့သားတို့ ကြောက်ရွံ့ထိတ်လန့်အောင် ယုဒဘာသာစကားဖြင့် ကျယ်လောင်စွာအော်ဟစ်ပြောဆိုကြ၏။
ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
သို့သော် ရာဗရှာခက “ငါ့သခင်သည် သင်တို့၏သခင်နှင့် သင်တို့ကိုသာ ဤစကားတို့ကိုပြောကြားရန် ငါ့ကိုစေလွှတ်သည်မဟုတ်။ သင်တို့နှင့်အတူ ကိုယ့်မစင်ကိုယ်စား၊ ကိုယ့်ဆီးကိုယ်သောက်ကြသည့် မြို့ရိုးပေါ်တွင်ထိုင်သောသူတို့ကိုလည်း ပြောကြားရန် စေလွှတ်သည်”ဟု ဆို၏။
ရာဗရှာခက သူတို့အား “ဟေဇကိမင်းကြီးအား ပြန်လျှောက်ကြလော့။ အဆီးရီးယားဘုရင်မင်းမြတ်ကြီးက ‘သင်သည် အဘယ်အရာကို ကိုးစား၍ စိတ်အေးလက်အေးနေနိုင်သနည်း။
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
ကြည့်ရှုလော့။ ဘုရားရှင်သည် အဆီးရီးယားဘုရင်နှင့် သူ၏အင်အားရှိသမျှတည်းဟူသော အဟုန်ပြင်း၍များပြားသော မြစ်ရေတို့ကို သူတို့ထံရောက်စေတော်မူမည်။ မြစ်ချောင်း၊ ကမ်းပါးရှိသမျှကို ဖုံးလွှမ်းလျှံတက်သွားလိမ့်မည်။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။