နိမိတ်ရှိသမျှသည် သင်တို့အတွက် ချိပ်ပိတ်ထားသောစာလိပ်ကဲ့သို့ ဖြစ်ပြီ။ ထိုစာလိပ်ကို စာဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟုဆိုလျှင် ထိုသူက “ဤစာလိပ်ကို ချိပ်ပိတ်ထားသည်ဖြစ်၍ ငါမဖတ်နိုင်ပါ”ဟု ပြန်ပြောလိမ့်မည်။
ဟေရှာယ 29:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုစာလိပ်ကို စာမဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟု ဆိုလျှင် ထိုသူက “ငါ စာမဖတ်တတ်ပါ”ဟု ပြန်ပြောလိမ့်မည်။ Common Language Bible စာမဖတ်တတ်သူကိုအဖတ်ခိုင်းလျှင်လည်း ထိုသူက``အကျွန်ုပ်အဘယ်သို့ဖတ်ရမည် မသိပါ'' ဟုဆိုလိမ့်မည်။ Judson Bible ထိုစာကို စာမတတ်သောသူအားပေး၍၊ ဤစာကိုဖတ်ပါလော့ဟု ဆိုလျှင်၊ ထိုသူက၊ ငါသည် စာမတတ်ဟု ပြန်ပြောတတ်၏။ |
နိမိတ်ရှိသမျှသည် သင်တို့အတွက် ချိပ်ပိတ်ထားသောစာလိပ်ကဲ့သို့ ဖြစ်ပြီ။ ထိုစာလိပ်ကို စာဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟုဆိုလျှင် ထိုသူက “ဤစာလိပ်ကို ချိပ်ပိတ်ထားသည်ဖြစ်၍ ငါမဖတ်နိုင်ပါ”ဟု ပြန်ပြောလိမ့်မည်။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
အကျွန်ုပ်၏တပည့်တို့တွင် သက်သေခံတော်မူချက်ကိုချည်ထား၍ ပညတ်တရားကို တံဆိပ်ခတ်တော်မူပါ။
ထို့ကြောင့် ငါက “သူတို့သည် မိုက်မဲသောဆင်းရဲသားများသာဖြစ်ကြ၏။ သူတို့သည် ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏တရားစီရင်ခြင်းကို မသိကြ။
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။