ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
သူကြီး 5:3 - မြန်မာ့စံမီသမ္မာကျမ်း အို ရှင်ဘုရင်တို့၊ နားထောင်ကြလော့။ အို အုပ်ချုပ်သူတို့၊ အာရုံစိုက်ကြလော့။ ငါသည် ထာဝရဘုရားထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုမည်၊ ငါသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို သီဆိုချီးမွမ်းမည်။ Common Language Bible အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။ အချင်းအာဏာပိုင်တို့သတိမူကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။ Garrad Bible အို ဘု ရင် မင်း မြတ် နှင့် မှူး မတ် တို့ နာ ခံ နာ ယူ ကြ လော့။ ထာ ဝ ရ ဘု ရား အား ငါ သီ ချင်း ဖွဲ့ ဆို မည်။ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ကျူး ဧ စွာ ချီး မွမ်း မည်။ Judson Bible အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရားအား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။ |
ကြည့်ရှုလော့။ သက်ရှိသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ဖျက်ဆီးရန် ငါကိုယ်တိုင် မြေကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်စေမည်။ မြေကြီးပေါ်မှာရှိသမျှတို့သည် သေကြရမည်။
“ကြည့်ရှုလော့။ ငါသည် သင်တို့၌လည်းကောင်း၊ နောင်လာမည့် သင်တို့၏သားစဉ်မြေးဆက်တို့၌လည်းကောင်း၊
ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘဏ္ဍာစိုးအပေါင်းတို့အား ငါအာတဇေရဇ်မင်းကြီး အမိန့်တော်ထုတ်ပြန်လိုက်သည်ကား သင်တို့အား ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရ တောင်းဆိုလာသောအရာရှိသမျှကို ချက်ချင်းဖြည့်ဆည်းပေးရမည်။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကိုချီးမွမ်းမည်။ ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။
သို့ဖြစ်၍ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေရန် ကိုယ်တော်၏နာမတော်ကို ထာဝစဉ်သီဆိုချီးမွမ်းပါမည်။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။
မောရှေမြွက်ဆိုသည်မှာ “အို ကောင်းကင်၊ စူးစိုက်နားထောင်လော့။ ငါပြောမည်။ အို မြေကြီး၊ ငါ့နှုတ်ထွက်စကားများကို နားထောင်လော့။
ထာဝရဘုရား၏နာမတော်ကို ငါကြေညာမည်ဖြစ်၍ ငါတို့၏ဘုရားသခင် ကြီးမြတ်တော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။
ငါဒေဗောရမပေါ်ထွန်းမီ၊ အစ္စရေးလူမျိုး၏မိခင် ငါဒေဗောရမပေါ်ထွန်းမီ အစ္စရေးကျေးလက်တောရွာတို့သည် ဆိတ်ညံလျက်ရှိ၏။