Biblia Todo Logo
La Biblia Online
- Anuncios -


ဆာ​လံ 146 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ကရုဏာနှင့်ပြည့်စုံတော်မူသောဘုရားသခင်

1 ဟာလေလုယ​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို​ချီးမွမ်း​လော့​။

2 ငါ​သည် အသက်ရှင်​စဉ်အခါ ထာဝရဘုရား​ကို​ချီးမွမ်း​မည်​။ ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။

3 မင်းအရာရှိ​များ​မှစ၍ ကယ်တင်​ခြင်း​မ​ပေး​နိုင်​သော လူသား​ကို မ​ကိုးစား​ကြ​နှင့်​။

4 သူ​တို့​၏​ဝိညာဉ်​ထွက်သွား​သောအခါ မြေကြီး​သို့ ပြန်သွား​ရ​၏​။ ထို​နေ့​၌ပင် သူ​တို့​၏​အကြံအစည်​တို့​သည် ပျက်စီး​ကြ​၏​။

5 ယာကုပ်​၏​ဘုရားသခင်​ကို မိမိ​၏​ကူညီမစ​သော​အရှင်​ဖြစ်စေ​သော​သူ​၊ မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​ကို မျှော်လင့်​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။

6 ထို​ဘုရားသခင်​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ သစ္စာ​တော်​သည် အစဉ်အမြဲ​တည်​၏​။

7 နှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​၍ ဆာလောင်မွတ်သိပ်​သော​သူ​တို့​အား အစားအစာ​ကို​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ချုပ်ထား​ခြင်း​ခံရ​သော​သူ​တို့​ကို လွှတ်ပေး​တော်မူ​၏​။

8 ထာဝရဘုရား​သည် မျက်မမြင်​တို့​ကို မြင်​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​တို့​ကို ထူမ​တော်မူ​၏​။ ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ချစ်​တော်မူ​၏​။

9 ထာဝရဘုရား​သည် တိုင်းတစ်ပါးသား​တို့​ကို စောင့်ရှောက်​၍ ဖတဆိုး​နှင့်​မုဆိုးမ​ကို ကူညီစောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ကို​ကား ကွေ့ကောက်​စေ​တော်မူ​၏​။

10 ထာဝရဘုရား​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​လိမ့်မည်​။ အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​သည် ခေတ်ကာလ​အစဉ်အဆက် စိုးစံ​တော်မူ​လိမ့်မည်​။ ဟာလေလုယ​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
Síguenos en:



Anuncios


¡Síguenos en WhatsApp! Síguenos