ဆာလံ 146:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်သည် အစဉ်အမြဲတည်၏။ Ver CapítuloCommon Language Bible6 ကိုယ်တော်သည်ကောင်းကင်၊ကမ္ဘာမြေကြီး ပင်လယ်နှင့်တကွယင်းတို့တွင်ရှိသမျှသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်သစ္စာတော်ကိုအစဉ်အမြဲ စောင့်တော်မူ၏။ Ver CapítuloGarrad Bible6 ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရှိ လေ သ မျှ ကို ဖန် ဆင်း၍၊ ကာ လ အ စဉ် သ စ္စာ စောင့် တော် မူ ၏။ Ver CapítuloJudson Bible6 ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။ Ver Capítulo |
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။