ချမ်းသာသောသူသည် ဆင်းရဲသောသူကို အုပ်စိုးရ၏။ ချေးယူသောသူသည်လည်း ချေးပေးသောသူ၏ ကျွန်ဖြစ်ရ၏။
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
ကြွယ် ဝ သော သူ သည်၊ နွမ်း ပါး သော သူ တို့ ကို အုပ် ချုပ် ရ၏။ မြီ စား လည်း မြီ ရှင့် ထံ ကျွန် ခံ ရ၏။
ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
ဆင်းရဲသောသူသည် အသနားခံပြောဆိုတတ်၏။ ချမ်းသာသောသူမူကား ကြမ်းတမ်းစွာတုံ့ပြန်ပြောဆိုတတ်၏။
မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
ဆင်းရဲသောသူကို ဆင်းရဲသည်ဆို၍ ခေါင်းပုံမဖြတ်နှင့်။ အဖိနှိပ်ခံရသောသူကိုလည်း မြို့တံခါး၌ မညှဉ်းဆဲနှင့်။
ထိုအခါ ယဇ်ပုရောဟိတ်သည် လူကဲ့သို့၊ သခင်သည် ကျွန်ယောက်ျားကဲ့သို့၊ သခင်မသည် ကျွန်မိန်းမကဲ့သို့၊ ရောင်းသူသည် ဝယ်သူကဲ့သို့၊ မြီရှင်သည် မြီစားကဲ့သို့၊ အတိုးစားသူသည် အတိုးဆပ်သူကဲ့သို့ ဖြစ်လိမ့်မည်။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အစ္စရေးလူမျိုးတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ငွေအတွက် ဖြောင့်မတ်သောသူကို ရောင်းစား၏။ ဖိနပ်တစ်ရံအတွက် နွမ်းပါးသူကို ရောင်းစား၏။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
ဆင်းရဲသားတို့ကို ငွေဖြင့်၊ နွမ်းပါးသူတို့ကို ဖိနပ်တစ်ရံဖြင့် ကုန်သွယ်ကြမည်။ ဂျုံစပါးအဖျင်းကို ရောင်းစားမည်”ဟု ဆိုတတ်ကြ၏။
သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။