Biblia Todo Logo
La Biblia Online
- Anuncios -




အာ​မုတ် 8:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 နွမ်းပါး​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ပြီး တိုင်းပြည်​ရှိ​ဆင်းရဲသား​တို့​ကို ဖယ်ရှား​ပစ်​သော​သူ​တို့​၊ နားထောင်​ကြ​လော့​။

Ver Capítulo Copiar

Common Language Bible

4 ငတ်​မွတ်​သူ​များ​ကို​နင်း​ချေ​၍​ဆင်း​ရဲ​သော ပြည်​သူ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​နေ​ကြ​သူ တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

Ver Capítulo Copiar

Garrad Bible

4-6 တင်း ငယ် ခြင်း၊ အ လေး ကြီး ခြင်း၊ ချိန် ခွင် စဉ်း လဲ ခြင်း များ ကို သုံး လျက်၊ နွမ်း ပါး သူ တို့ ကို ငွေ နှင့်လည်း ကောင်း၊ ဆင်း ရဲ သား တို့ ကို ဖိ နပ် တစ် ရံ နှင့် လည်း ကောင်း၊ ဝယ် ယူ လျက်၊ စ ပါး ကို ရောင်း ခွင့် ရ ရန် လ ဆန်း နေ့၊ ဆန် ပြ ခွင့် ရ ရန် ဥ ပုသ် နေ့ ကုန် လွန် မည် မှာ၊ မည် မျှ လို သေး သ နည်း ဟု ဆို လျက်၊ ဆင်း ရဲ သား တို့ ကို ဖိ နင်း၍၊ နေ ပြည် ရှိ နွမ်း ပါး သူ တို့ ကို တိမ် ကော စေ သော သင် တို့၊ ဤ ဗျာ ဒိတ် တော် ချက် ကို နာ ခံ ကြ ဦး။

Ver Capítulo Copiar

Judson Bible

4-6 ငါ​တို့​သည် စ​ပါး​ကို ရောင်း​အံ့​သော​ငှာ လ​ဆန်း​နေ့​လွန်​ပါ​စေ၊ ဂျုံ​ကို ရောင်း​အံ့​သော​ငှာ ဥ​ပုသ်​နေ့ လွန်​ပါ​စေ​ဟု​ဆို​လျက်၊ ဧ​ဖာ​လေး​ကို ငယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျပ်​လေး​ကို ကြီး​စေ​ခြင်း​ငှာ​လည်း​ကောင်း လုပ်၍၊ စဉ်း​လဲ​သော ချိန်​ခွင်​ကို သုံး​လျက် ဆင်း​ရဲ​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ဝယ်၍၊ ညံ့​သော​ဂျုံ​ဆန်​ကို​ရောင်း​လျက်၊ ငတ်​မွတ်​သော သူ​တို့​ကို နှိပ်​နင်း၍ ဆင်း​ရဲ​သော ပြည်​သား​တို့​ကို ဖြတ်​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး​သော​သူ​တို့၊ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။

Ver Capítulo Copiar




အာ​မုတ် 8:4
24 Referencias Cruzadas  

မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။


လူ​တို့​သည် နွမ်းပါး​သော​သူ​တို့​ကို လမ်း​ပေါ်မှ​တွန်းဖယ်​တတ်​ကြ​၏​။ အဖိနှိပ်​ခံရ​သော​ပြည်သား​တို့​သည် စု​ပြီး​ပုန်းရှောင်​နေ​ရ​ကြ​၏​။


သူ​၏​နှုတ်​သည် ကျိန်ဆဲ​ခြင်း​၊ လိမ်လည်လှည့်ဖြား​ခြင်း​၊ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​ပြည့်​လျက်​ရှိ​၏​။ သူ​၏​လျှာ​အောက်​၌ အခက်အခဲ​ပြဿနာ​နှင့် အပြစ်ဒုစရိုက်​ရှိ​၏​။


ထာဝရဘုရား​က “​အဖိနှိပ်​ခံရ​သော​သူ​တို့​ကြုံ​ရ​သည့်​ညှဉ်းဆဲ​ခြင်း​နှင့် နွမ်းပါး​သော​သူ​တို့​၏​ညည်းတွား​ခြင်း​ကြောင့် ယခုပင် ငါ​ထ​မည်​။ သူ​တို့​တမ်းတ​သော​လုံခြုံ​ရာ​အရပ်​၌ သူ​တို့​ကို​ငါ​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။


အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဘာမျှ​မ​သိ​ကြ​သလော​။ သူ​တို့​သည် မုန့်​စား​သကဲ့သို့ ငါ​၏​လူမျိုး​ကို​ဝါးမျို​ကြ​၏​။ ထာဝရဘုရား​ကို​လည်း ခေါ်ဆို​ပတ္ထနာပြု​ခြင်း​မ​ရှိ​။


ထာဝရဘုရား​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​၏ အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​တော်မူ​ကြောင်း ငါ​သိ​၏​။


အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား လူ​တို့​သည် အကျွန်ုပ်​ကို​နင်းချေ​၍ တစ်နေ့လုံး​တိုက်ခိုက်​ညှဉ်းဆဲ​ကြ​ပါ​၏​။


အဖိနှိပ်​ခံရ​သော​သူ​တို့​ကို မြေကြီး​ပေါ်မှ​လည်းကောင်း​၊ နွမ်းပါး​သော​သူ​တို့​ကို လူထု​ထဲမှ​လည်းကောင်း ဝါးမျို​ပစ်​ရန် သန်လျက်​ကဲ့သို့သော​သွား​နှင့် ဓား​ကဲ့သို့သော​အစွယ်​ရှိ​သော​သူ​များ​ရှိ​၏​။


သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။


ဤ​လူမျိုး​ကို​အုပ်စိုး​သော ဂျေရုဆလင်​မြို့​ရှိ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။


ပရောဖက်​ယေရမိ​က ပရောဖက်​ဟာနနိယ​အား “​ဟာနနိယ ယခု​နားထောင်​လော့​။ ထာဝရဘုရား​သည် သင့်​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်​။ သင်​သည် ဤ​လူမျိုး​အား မုသား​ကို ယုံစား​စေ​ပြီ​။


‘​မျက်စိ​ရှိ​သော်လည်း မ​မြင်​၊ နား​ရှိ​သော်လည်း မ​ကြား​၊ မိုက်မဲ​၍ အသိဉာဏ်​မ​ရှိ​သော​လူ​တို့​၊ ယခု ဤ​စကား​ကို​နားထောင်​ကြ​လော့​။


သူ​တို့​သည် တံစိုးလက်ဆောင်​ယူ​၍ လူ​အသက်​ကို သတ်​ကြ​၏​။ သင်​သည် အတိုး​အမြတ်​ယူ​၍ အိမ်နီးချင်း​၏​ပစ္စည်း​ကို အနိုင်အထက်​လုယူ​၏​။ ငါ့​ကို​လည်း မေ့လျော့​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် မှန်​သော​ချိန်ခွင်​၊ မှန်​သော​ဧဖာ​၊ မှန်​သော​ဗတ်​ကို သုံး​ရ​မည်​။


သင်​တို့​သည် ဆင်းရဲသား​ကို ဖိနှိပ်​၍ သူ့​ထံမှ ဂျုံစပါး​အခွန်အတုတ်​ကို တောင်းခံ​ကြ​၏​။ ထို့ကြောင့် ကျောက်ဆစ်​အိမ်​များ​ကို ဆောက်​သော်လည်း ထို​အိမ်​များ​တွင် သင်​တို့​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​များ​ကောင်းကောင်းမွန်မွန်​စိုက်ပျိုး​သော်လည်း ထို​ခြံ​မှ​ထွက်​သော​စပျစ်ဝိုင်​ကို သောက်​ရ​မည်​မ​ဟုတ်​။


သင်​တို့​သည် အပြစ်​များစွာ​ကျူးလွန်​ပြီး အပြစ်​ကြီးလေး​ကြောင်း​ကို ငါ​သိ​၏​။ ဖြောင့်မတ်​သော​သူ​ကို ညှဉ်းဆဲ​ပြီး လာဘ်စား​၏​။ နွမ်းပါး​သူ​တို့​ကို​လည်း မြို့​တံခါးဝ​တွင် မတရားစီရင်​ကြ​၏​။


ထို့ကြောင့် ယခု ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ သင်​က ‘အစ္စရေး​လူမျိုး​ကို ဆန့်ကျင်​၍ ပရောဖက်​မ​ပြု​နှင့်​၊ ဣဇက်​အမျိုးအနွယ်​ကို ဆန့်ကျင်​၍ မ​ဟောပြော​နှင့်​’​ဟု ဆို​၏​။


သူ​တို့​သည် တပ်မက်​သဖြင့် လယ်မြေ​များ​ကို လုယူ​ကြ​၍ အိမ်​များ​ကို​လည်း သိမ်းပိုက်​ကြ​၏​။ ဤသို့ဖြင့် တစ်ပါးသူ​နှင့်​သူ​၏​အိမ်​၊ တစ်ပါးသူ​နှင့်​သူ​၏​အမွေဥစ္စာ​ကို အနိုင်အထက်ပြု​ကြ​၏​။


ငါ့​လူမျိုး​တော်​တို့​၏​အသား​ကို စား​ကြ​၏​။ သူ​တို့​၏​အရေခွံ​ကို​နွှာ​၍ အရိုး​ကို ချိုး​ပြီးလျှင် အိုး​ထဲ​၊ ဒယ်အိုး​ထဲ ထည့်ချက်​မည့်​အသား​ကဲ့သို့ ခုတ်ထစ်​ကြ​သည်”​ဟု ဆို​၏​။


ငါ​က​လည်း “​ထို​အရာ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​သော် သူ​က “​လွင့်မျော​နေ​သော​ဧဖာ​ဖြစ်၍ တစ်ပြည်လုံး​ကျူးလွန်​သော​အပြစ်​ကို ပုံဖော်​၏​”​ဟု ဆို​လေ​၏​။


သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။


သင်​တို့​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်ကျင်​ခြင်း​မ​ပြု​ချေ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos