ကျာပွတ်ကဲ့သို့သောလျှာဘေးမှ သင့်ကို ကွယ်ကာလိမ့်မည်။ ပျက်စီးခြင်းဘေးရောက်လာလျှင်လည်း သင်ကြောက်ရွံ့ရမည်မဟုတ်။
သုတ္တံကျမ်း။ 14:3 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးမိုက်သောသူ၏နှုတ်တွင် မာန်မာနအတက်ပေါက်လျက်ရှိ၏။ ပညာရှိသောသူတို့၏နှုတ်ခမ်းမူကား သူတို့ကိုစောင့်ရှောက်လိမ့်မည်။ Common Language Bible မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ Garrad Bible လူ မိုက်၏ နှုတ် တွင်၊ မာ န အ ညှောက် ပေါက် လျက် ရှိ၏။ ပ ညာ ရှိ တို့ နှုတ် ခမ်း မူ ကား၊ ကိုယ် ကို စောင့် ရှောက် တတ်၏။ Judson Bible မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ |
ကျာပွတ်ကဲ့သို့သောလျှာဘေးမှ သင့်ကို ကွယ်ကာလိမ့်မည်။ ပျက်စီးခြင်းဘေးရောက်လာလျှင်လည်း သင်ကြောက်ရွံ့ရမည်မဟုတ်။
ထာဝရဘုရားသည် မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် ဝါကြွားပြောဆိုတတ်သောလျှာရှိသမျှတို့ကို ဖယ်ရှားတော်မူပါစေ။
ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့် မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
ဆိုးယုတ်သောသူတို့၏စကားသည် လူကိုသတ်ဖြတ်ရန် ချောင်းမြောင်းတတ်၏။ ဖြောင့်မှန်သောသူတို့၏နှုတ်မူကား လူတို့ကိုကယ်နုတ်တတ်၏။
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
နွားမရှိလျှင် တင်းကုပ်သည် သန့်ရှင်း၏။ သို့သော် နွား၏ခွန်အားဖြင့် များစွာသောအသီးအနှံတို့ကိုရရှိ၏။
မိုက်မဲသောသူ၏နှုတ်ခမ်းသည် ခိုက်ရန်ဖြစ်ပွားမှုထဲဝင်ပါတတ်၏။ သူ၏နှုတ်သည်လည်း ကြိမ်ဒဏ်ကိုဖိတ်ခေါ်တတ်၏။
မိုက်မဲသောသူ၏နှုတ်သည် သူ့အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ သူ၏နှုတ်ခမ်းသည်လည်း သူ၏စိတ်ဝိညာဉ်ကိုဖမ်းမိသောထောင်ချောက်ဖြစ်၏။
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍ သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
ထို့ပြင် ထိုသားရဲ၏ခေါင်းတွင်ပေါက်သောချိုဆယ်ခုအကြောင်းနှင့် နောက်ပေါက်ချိုငယ်တစ်ခုအကြောင်းကိုလည်း ငါသိလို၏။ ထိုချိုငယ်ရှေ့တွင်ပင် ချိုသုံးချောင်းသည် နုတ်ပစ်ခြင်းခံရ၏။ ထိုချိုငယ်သည် မျက်စိပါ၍ စကားကြီးစကားကျယ်ပြောဆိုတတ်သောနှုတ်ရှိပြီး အခြားချိုများထက်ထူးခြား၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။
ထာဝရဘုရားသည် အလုံးစုံကိုသိမြင်တော်မူသောဘုရားဖြစ်ပြီး လုပ်ဆောင်မှုတိုင်းကို ကြည့်မှတ်တော်မူသည်ဖြစ်၍ သင်တို့သည် ဝါကြွားထောင်လွှားသောစကားကို ထပ်၍မပြောဆိုကြနှင့်။ မောက်မာသောစကားကို သင်တို့၏နှုတ်မှ မထွက်စေကြနှင့်။