သုတ္တံကျမ်း။ 14:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။ Ver CapítuloCommon Language Bible2 ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ Ver CapítuloGarrad Bible2 ဖြောင့် မှန် စွာ လျှောက် လိုက် သော သူ သည်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား တတ်၏။ အ လေ့ အ လာ လိမ် လည် သူ ဟူ မူ ကား၊ မ ထီ မဲ့ မြင် ပြု တတ် ၏။ Ver CapítuloJudson Bible2 ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ Ver Capítulo |
ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။
ယနေ့ထိတိုင်အောင် ဓလေ့ထုံးတမ်းဟောင်းများအတိုင်း ပြုကျင့်လျက်နေကြ၏။ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းအလျှင်းမရှိ။ အစ္စရေးဟု အမည်ရသောယာကုပ်၏သားတို့အား ထာဝရဘုရားမိန့်မှာထားတော်မူသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ဥပဒေသများ၊ ပညတ်ချက်များ စသည်တို့ကိုလည်း မလိုက်နာကြပေ။