ထာဝရအရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏မယားအတွက် သားရေဝတ်ရုံကိုလုပ်၍ သူတို့အားဝတ်ဆင်ပေးတော်မူ၏။
ဝတ်ပြု 7:8 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် တစ်စုံတစ်ဦးအတွက် မီးရှို့ရာယဇ်ကို ပူဇော်ပေးလျှင် ထိုယဇ်ပုရောဟိတ်သည် သူပူဇော်ပေးသောမီးရှို့ရာယဇ်ကောင်၏သားရေကို ပိုင်၏။ Common Language Bible မီးရှို့ရာယဇ်ကောင်၏သားရေသည် ယဇ်ပူဇော် သောယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။- Garrad Bible အ ကြင် ပ ရော ဟိတ် သည် လူ တစ် ဦး တစ် ယောက် ၏ မီး ရှို့ ရာ သ က္ကာ ကို ဆက် ကပ် အံ့။ သ က္ကာ ဆိုင် ရာ သား ရေ သည် ထို ပ ရော ဟိတ် ပိုင် ရာ ဖြစ်၏။ Judson Bible လူတစ်စုံတစ်ယောက်ပြုသော မီးရှို့ရာယဇ်ကိုပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သောယဇ်ကောင်အရေကို ယူရမည်။ |
ထာဝရအရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏မယားအတွက် သားရေဝတ်ရုံကိုလုပ်၍ သူတို့အားဝတ်ဆင်ပေးတော်မူ၏။
နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
သူသည် မီးရှို့ရာယဇ်ကောင်ကို အရေဆုတ်ပြီး ထိုယဇ်ကောင်ကို အပိုင်းပိုင်းခုတ်ဖြတ်ရမည်။
သို့သော် နွားထီး၏အရေခွံ၊ အသားအားလုံးနှင့်တကွ ဦးခေါင်းနှင့် ခြေထောက်၊ အူနှင့် မစင်မှစ၍
အပြစ်ဒဏ်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့နှင့်ဆိုင်သောတရားသည် တစ်ပါးတည်းဖြစ်၏။ ယဇ်ကောင်ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်ကို ပိုင်၏။
မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။
ထိုနွားမတမ်းကို သူ့ရှေ့၌ ရှို့စေရမည်။ အရေခွံ၊ အသား၊ သွေးတို့ကို မစင်နှင့်တကွ ရှို့ပစ်ရမည်။
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။