ထွက်မြောက် 29:14 - မြန်မာ့စံမီသမ္မာကျမ်း14 နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။ Ver CapítuloCommon Language Bible14 နွား၏အသား၊ သားရေနှင့်ဝမ်းတွင်းသားတို့ ကိုမူကား၊ စခန်းအပြင်၌မီးရှို့ရမည်။ ထို ယဇ်ပူဇော်ခြင်းသည်ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်ဖြစ်၏။ Ver CapítuloGarrad Bible14 နွား ၏ အ သား၊ အ ရေ၊ အူ နု များ ကို တပ် စ ခန်း ပြင် ကျွမ်း လောင် စေ ခြင်း များ ကို ပြု လော့။ ထို နွား သည် အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သ တည်း။ Ver CapítuloJudson Bible14 နွား၏အသား၊ အရေ၊ ချေးနုကိုကား၊ တပ်ပြင်မှာမီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်၏။ Ver Capítulo |
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။