ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
ဝတ်ပြု 2:7 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အိုးကင်းဖြင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်၍ ဆီဖြင့်ကြော်ရမည်။ Common Language Bible အိုးတွင်ကြော်သောမုန့်ကိုပူဇော်လျှင် သံလွင် ဆီနှင့်ရောသောမုန့်ညက်ဖြင့်ပြုလုပ်ရမည်။- Garrad Bible အိုး နှင့် လုပ် သော ဘော ဇဉ် သ က္ကာ ဖြစ် လျှင် ဆီ နယ် သော မုန့် ညက် ကို ပြုတ်၍ လှူ ဒါန်း လော့။ Judson Bible အိုးကင်းနှင့်ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့် လုပ်ရမည်။ |
ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
ထိုမုန့်ကို တစ်စစီချိုးဖဲ့၍ ထိုမုန့်ပေါ်၌ ဆီလောင်းရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာဖြစ်၏။
အကောင်းဆုံးဂျုံမှုန့်တို့ဖြင့် ပြုလုပ်ထားသောဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားထံယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်ထံအပ်၍ သူသည် ယဇ်ပလ္လင်သို့ယူသွားရမည်။
မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။