ထို့ကြောင့် နေမန်သည် ဘုရားသခင်၏လူပြောသောစကားအတိုင်း ဂျော်ဒန်မြစ်သို့ဆင်းသွားပြီး ခုနစ်ကြိမ်ရေနှစ်လိုက်သောအခါ သူ့အသားအရေသည် သူငယ်အသားအရေကဲ့သို့ဖြစ်ပြီး စင်ကြယ်သွားလေ၏။
ဝတ်ပြု 14:3 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် တပ်စခန်း၏အပြင်ဘက်သို့ထွက်လာ၍ သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ အနာကြီးရောဂါစွဲခဲ့သောသူ၌ အနာကြီးရောဂါ၏အနာသည် ပျောက်ကင်းလျှင် Common Language Bible ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊- Garrad Bible တပ် စား ခန်း ပြင် သို့ လှည့် သွား သော ပ ရော ဟိတ် ထံ ခေါ် သွင်း ကြ ပြီး နောက် ပ ရော ဟိတ် ရှု ကြည့် ရာ နူ နာ အ မှတ် လ က္ခ ဏာ ကင်း ပျောက် ကြောင်း တွေ့ သော်၊ Judson Bible ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသောအခါ၊ နူနာပျောက်သည်မှန်လျှင်၊ |
ထို့ကြောင့် နေမန်သည် ဘုရားသခင်၏လူပြောသောစကားအတိုင်း ဂျော်ဒန်မြစ်သို့ဆင်းသွားပြီး ခုနစ်ကြိမ်ရေနှစ်လိုက်သောအခါ သူ့အသားအရေသည် သူငယ်အသားအရေကဲ့သို့ဖြစ်ပြီး စင်ကြယ်သွားလေ၏။
သူက မိမိသခင်မအား “အကျွန်ုပ်၏သခင်သည် ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလျှင် မည်မျှလောက်ကောင်းလိမ့်မည်နည်း။ သူသည် သခင်၌စွဲသောအနာကြီးရောဂါကို ပျောက်ကင်းစေလိမ့်မည်”ဟု လျှောက်ဆို၏။
အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
“တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက်ဖြစ်လာ၍ သူ၏ကိုယ်ခန္ဓာအရေပြား၌ အနာကြီးရောဂါလက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပုရောဟိတ်အာရုန်၊ သို့မဟုတ် သူ၏သားယဇ်ပုရောဟိတ်တို့ထဲမှတစ်စုံတစ်ဦးထံသို့ ခေါ်ဆောင်လာရမည်။
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
အိမ်ကိုသရွတ်ကိုင်ပြီးနောက် ယဇ်ပုရောဟိတ်သည် လာ၍ကြည့်ရှုစစ်ဆေးသောအခါ အနာသည် အိမ်ထဲ၌ ပျံ့သွားခြင်းမရှိလျှင် အနာပျောက်ကင်းပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် ထိုအိမ်အား စင်ကြယ်သည်ဟု ကြေညာရမည်။
နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
ပရောဖက်ဧလိရှဲလက်ထက်၌လည်း အစ္စရေးလူမျိုးထဲတွင် အနာကြီးရောဂါသည် များစွာရှိခဲ့ကြ၏။ သို့သော် ထိုသူတို့ထဲက မည်သူမျှ စင်ကြယ်ခြင်းသို့မရောက်ဘဲ ဆီးရီးယားပြည်သား နေမန်တစ်ဦးတည်းသာ စင်ကြယ်ခြင်းသို့ရောက်၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း ယောဟန်၏တပည့်တို့အား“သင်တို့မြင်ရ၊ ကြားရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကိုကြားရကြ၏။