Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 5:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကြောင်းမူကား ထို​အရှင်​သည် နာကျင်​စေ​သော်လည်း အနာ​ကို ပတ်စည်း​ပေး​တော်မူ​၏​။ ဒဏ်ရာ​ရ​စေ​သော်လည်း ဒဏ်ရာ​ကို​ပျောက်ကင်း​စေ​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

18 ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။

Ver Capítulo Copiar

Garrad Bible

18 ထို အ ရှင် သည်၊ နာ ကျင် ခြင်း နှင့် ပတ် စည်း ခြင်း စီ ရင်၍၊ ထိ ပါး ခြင်း နှင့် သက် သာ ခြင်း ကို လည်း၊ လက် တော် ဖြင့် ပြု တော် မူ၏။

Ver Capítulo Copiar

Judson Bible

18 ထို​အ​ရှင်​သည် အ​နာ​ကို​ဖြစ်​စေ၍၊ ထို​အ​နာ​ကို​လည်း စည်း​စေ​တော်​မူ၏။ ဒဏ်​ခတ်​တော်​မူ၍ လက်​တော်​နှင့် သက်​သာ​စေ​တော်​မူ၏။

Ver Capítulo Copiar




ယောဘဝတ္တု။ 5:18
8 Referencias Cruzadas  

ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။


ထာဝရဘုရား​သည် အီဂျစ်​ပြည်​ကို​ဒဏ်ခတ်​တော်မူ​မည်​။ ဒဏ်ခတ်​ပြီးမှ ဒဏ်ရာ​ကို​ပျောက်ကင်း​စေ​တော်မူ​မည်​။ သူ​တို့​သည် ထာဝရဘုရား​ထံ ပြန်လာ​ကြ​မည်​။ ကိုယ်တော်​သည် သူ​တို့​၏​ဆုတောင်း​သံ​ကို နားညောင်း​၍ သူ​တို့​ဒဏ်ရာ​ကို ပျောက်ကင်း​စေ​တော်မူ​မည်​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပတ်စည်း​ပေး​၍ မိမိ​ဒဏ်ခတ်​တော်မူ​သည့်​အနာ​ကို ပျောက်ကင်း​စေ​တော်မူ​သော​နေ့ရက်​၌ လ​၏​အလင်း​သည် နေ​၏​အလင်း​ကဲ့သို့​ဖြစ်​မည်​။ နေ​၏​အလင်း​သည် ခုနစ်ဆ​တိုး​၍ ခုနစ်​ရက်​အလင်း​ကဲ့သို့ လင်း​မည်​။


ထာဝရဘုရား​က “​ထို​သူ​တို့​သည် သင့်​ကို ‘​အပယ်​ခံရ​သော​သူ​၊ မည်သူမျှ​ဂရု​မ​စိုက်​သော​ဇိအုန်​မြို့​’​ဟု ခေါ်​ကြ​သောကြောင့် ငါ​သည် သင့်​ကို ပြန်လည်​ကျန်းမာ​စေ​မည်​။ သင့်​အနာ​ကို ကုသ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


လာ​ကြ​၊ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။ ကိုယ်တော်​သည် ငါ​တို့​ကို အပိုင်းပိုင်း​ဆွဲဖဲ့​သော်လည်း ပြန်လည်​ကုသ​ပေး​တော်မူ​မည်​။ ဒဏ်ရာ​ရ​စေ​သော်လည်း အနာ​ကို​ပတ်စည်း​ပေး​တော်မူ​မည်​။


အိမ်​ကို​သရွတ်ကိုင်​ပြီးနောက် ယဇ်ပုရောဟိတ်​သည် လာ​၍​ကြည့်ရှု​စစ်ဆေး​သောအခါ အနာ​သည် အိမ်​ထဲ၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် အနာ​ပျောက်ကင်း​ပြီ​ဖြစ်​သောကြောင့် ယဇ်ပုရောဟိတ်​သည် ထို​အိမ်​အား စင်ကြယ်​သည်​ဟု ကြေညာ​ရ​မည်​။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


ထာဝရဘုရား​သည် အသက်​ကို​သေ​စေ​နိုင်​၏​။ အသက်​ကို ရှင်​စေ​နိုင်​၏​။ မရဏာနိုင်ငံ​သို့ ကျ​စေ​နိုင်​၏​။ မရဏာနိုင်ငံ​မှ​လည်း ထုတ်ဆောင်​ပေး​နိုင်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos