La Biblia Online

Anuncios


Toda la Biblia A.T. N.T.




လုကာ 19:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​ပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​၍ ယေရှု​အား​စီး​စေ​ကြ​၏။

Ver Capítulo

Common Language Bible

ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။-

Ver Capítulo

Garrad Bible

ထို မြည်း ငယ် ကို ယေ ရှု ထံ ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် လျက် စီး တော် မူ စေ ကြ ပြီး နောက် စီး ကြွ တော် မူ စဉ် လည်း၊

Ver Capítulo

Judson Bible

မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် မြည်းကလေး​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့​၏​အဝတ်များ​ကိုလည်း မြည်းကလေး​ပေါ်​၌ ခင်းပေး​၍ ယေရှု​အား မြည်းကလေး​ပေါ်တွင် စီးစေကြ၏။

Ver Capítulo

မြန်မာ

မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။-

Ver Capítulo



လုကာ 19:35
9 Referencias Cruzadas  

ထိုအခါ သူ​တို့​သည် မိမိ​တို့​အဝတ်​ကို​ချက်ချင်း​ယူ​၍ ယေဟု​ဆင်းလာ​မည့်​လှေကားထစ်​များ​တွင် ဖြန့်ခင်း​ပေး​၏​။ ထို့နောက် တံပိုး​ကို​မှုတ်​ပြီး “​ယေဟု​သည် ရှင်ဘုရင် ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​၏​။


ဤ​အမှုအရာ​ဖြစ်ပျက်​ခဲ့​ခြင်း​မှာ “ ‘ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်းမ​နှင့်​မြည်း​၏​သား​တည်းဟူသော မြည်း​ကလေး​ကို​စီး​လျက် နူးညံ့​သိမ်မွေ့​စွာ​ဖြင့် သင့်​ထံသို့​ကြွလာ​တော်မူ​၏’​ဟူ၍ ဇိအုန်​သမီး​အား ပြောကြား​ကြ​လော့”​ဟု ပရောဖက်​အားဖြင့်​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။


သူ​တို့​သည် မြည်းမ​နှင့်​မြည်း​ကလေး​ကို ခေါ်ဆောင်​လာ​ပြီးလျှင် ထို​မြည်း​တို့​အပေါ်၌ အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ၎င်း​တို့​အပေါ်​ထိုင်​တော်မူ​၏။


သူ​တို့​က​လည်း “သခင်​ဘုရား​အလို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။


ကိုယ်တော်​ကြွ​တော်မူ​စဉ်​တွင် လူ​တို့​သည် မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။


နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့်


ယေရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်မူ​၏။