ဟေဗြဲလူမျိုးကျွန်တစ်ယောက်ကိုဝယ်လျှင် သူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ အဖိုးအခမပေးဘဲ လွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ရှိ၏။
ယေရမိ 34:10 - မြန်မာ့စံမီသမ္မာကျမ်း ပဋိညာဉ်ဖွဲ့ရာတွင် ပါဝင်သောအကြီးအကဲများနှင့် ပြည်သူပြည်သားအပေါင်းတို့က ကိုယ့်ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို လွတ်မြောက်ခွင့်ပေးရမည်။ ဘယ်သောအခါမှ ကျွန်ပြန်မပြုရဟူသောပဋိညာဉ်ပါအချက်ကို သဘောတူနာခံ၍ ကျွန်တို့ကို လွှတ်ပေးကြ၏။ Common Language Bible ပြည်သူများနှင့်ပြည်သူ့ခေါင်းဆောင်အပေါင်း တို့သည် မိမိတို့ကျေးကျွန်များအားလွတ်လပ် ခွင့်ပေးပြီးလျှင် နောင်အဘယ်အခါ၌မျှပြန် ၍ကျွန်စေစားမှုမပြုပါဟုသဘောတူညီ ကြ၏။ သူတို့သည်မိမိတို့ကျေးကျွန်များ ကိုလွတ်လပ်ခွင့်ပေးကြ၏။- Garrad Bible ကိုယ် ပိုင် ကျွန် ယောက်ျား ကျွန် မိန်း မ ကို အ သီး အ သီး လွတ် သွား ခွင့် ပေး ရန်၊ ထို ပ ဋိ ညာဉ် ကို ဝန် ခံ သော မှူး မတ် တို့ နှင့် မြို့ သူ မြို့ သား တို့ သည် နာ ခံ နား ထောင် လျက် လွှတ် ကြ ပြီး နောက် သ ဘော ပြောင်း ၍၊ Judson Bible အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲသားအပေါင်းတို့သည် အသီးအသီးစေစားသော ကျွန်ယောက်ျား မိန်းမတို့ကို နောက်တစ်ဖန် မစေစားဘဲလွှတ်မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။ |
ဟေဗြဲလူမျိုးကျွန်တစ်ယောက်ကိုဝယ်လျှင် သူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ အဖိုးအခမပေးဘဲ လွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ရှိ၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။
ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
ထို့နောက်မှ သူတို့စိတ်ပြောင်း၍ လွတ်မြောက်သွားသောကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို ပြန်ခေါ်ပြီး ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ကျွန်ပြန်ပြုစေကြ၏။
နွားသငယ်ထက်ခြမ်းအလယ်၌ လျှောက်သွားသော ယုဒလူမျိုးအကြီးအကဲများနှင့်တကွ ဂျေရုဆလင်မြို့အကြီးအကဲများ၊ နန်းတွင်းအကြီးအကဲများ၊ ယဇ်ပုရောဟိတ်များနှင့် ပြည်သူပြည်သားအားလုံးတို့ကို
စာရေးတော်ကြီးဧလိရှမာ၊ ရှေမာယ၏သားဒေလာယ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သားဂေမရိ၊ ဟာနနိယ၏သားဇေဒကိ စသော အကြီးအကဲအပေါင်းတို့ထိုင်နေသော ဘုရင့်နန်းတော်ဝင်းအတွင်းရှိ စာရေးတော်ကြီးအခန်းသို့ ဆင်းသွား၏။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။